ညောင်ဦးခရိုင် ပြည်သူ့ဆေးရုံကြီးတွင် မျက်စိအထူးကုဆရာဝန်ကြီးများ ကွင်းဆင်းကုသ

ညောင်ဦး  ဧပြီ  ၂

မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ပြည်သူများအတွက်လိုအပ်သော ကျန်းမာရေး စောင့်ရှောက်မှုများကို လက်လှမ်းမီရရှိရေးနှင့် ပြည်သူများစိုက်ထုတ်ကုန်ကျရသော ဆေးကုသမှုစရိတ် လျော့နည်းကျဆင်းစေရန်ရည်ရွယ်၍ ကျန်းမာရေးဝန်ကြီးဌာန၏လမ်းညွှန်ချက်နှင့်အညီ မျက်စိ အထူးကုဆရာဝန်ကြီးများနှင့် ကျန်းမာရေးဝန်ထမ်းများပူးပေါင်းအဖွဲ့သည် ယမန်နေ့နံနက် ၉ နာရီအချိန်မှစတင်ကာ မျက်စိကုသမှုများဆက်လက် ကုသပေးလျက်ရှိကြောင်း သိရသည်။

မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင်အတွင်းရှိ ဒေသခံပြည်သူများလိုအပ်နေသော မျက်စိအထူးကုသမှုများ ဆောင်ရွက်ပေးနိုင်ရန်အတွက် ကျန်းမာရေးဝန်းကြီးဌာန၊ မျက်စိအထူးကု ဆရာဝန်ကြီးများပါဝင်သော မျက်စိအထူးကုသရေးအဖွဲ့ဖြင့် ညောင်ဦးခရိုင်ကုတင် ၂၀၀ ဆံ့ ပြည်သူ့ဆေးရုံကြီးတွင် တတိယမြောက်နေ့အဖြစ်  Eye tour second day eye  (OPD ) ၂၂၈ ဦးနှင့်အတွင်းတိမ် ခွဲစိတ်မှု (၃၀)ဦးနှင့်အခြားခွဲစိတ်မှု (၂)ဦးတို့အားအောင်မြင်စွာ စစ်ဆေး၊ ခွဲစိတ်၊ ကုသပေးခဲ့ကြောင်း ညောင်ဦးခရိုင် ဆေးရုံအုပ်ကြီး ဒေါက်တာအောင်မြင့်ထွန်းထံက သိရသည်။

အထူးကုဆရာဝန်ကြီးများနှင့်ကျန်းမာရေးဝန်ထမ်းများ ဆေးကုသနေသည့် ဆရာဝန်ကြီးများနှင့် ဆေးလာရောက်ကုသသည့်လူနာများအား  မန္တလေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာဝင်းနိုင်၊ ညောင်ဦးခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစောထွန်းဝင်းနှင့်ခရိုင်စီမံအဖွဲ့ဝင်များ၊ ညောင်ဦးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနန်းတင့်နှင့်မြို့နယ်စီမံအဖွဲ့ဝင်များက ကြည့်ရှုစစ်ဆေးခဲ့ကြပြီး လိုအပ်သည်များ ကူညီဆောင်ရွက်ပေးခဲ့ကြောင်းသိရကာ မျက်စိအထူးကုဆရာဝန်ကြီးများ၏ အထူးကု ဆေးကုသရေးအား မတ် ၂၈ ရက်မှ ဧပြီ ၅ ရက်နေ့အထိ ကုသပေးမည်ဖြစ်ကြောင်း သိရသည်။

ဒီပါလင်း