သပိတ်ကျင်းမြို့နယ်အတွင်း လေပြင်းတိုက်ခတ်မှုကြောင့်၊ စာသင်ကျောင်း(၁)ကျောင်း၊ စေတီတစ်ဆူနှင့်လူနေအိမ်(၆၈)လုံး ပျက်စီးဆုံးရှုံး

သပိတ်ကျင်း ဧပြီ  ၂

မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းခရိုင်၊ သပိတ်ကျင်းမြို့နယ်အတွင်း မတ်လ(၃၁)ရက်ညနေ(၄)နာရီအချိန်က လေပြင်းတိုက်ခတ်မှုကြောင့် သပိတ်ကျင်းမြို့နယ်အတွင်းရှိ ကျေးရွာ(၅)ရွာမှ စာသင်ကျောင်း၊ ဘုရားစေတီတစ်ဆူနှင့်လူနေအိမ်( ၆၈)လုံး ပျက်စီးခဲ့ကြောင်း သိရသည်။

အဆိုပါ လေပြင်းတိုက်ခိုက်မှုကြောင့်  ကြာညှပ်ကျေးရှာအုပ်စု မြင်သာကျေးရွာ ဘုန်းတော်ကြီးကျောင်းမှ စေတီထီးတော်ယိုင်ခြင်း၊ (အ.မ.က)ကျောင်းနှင့်ဝန်ထမ်းအိမ်ယာ အိမ်တစ်လုံး အမိုးလန်ပျက်စီးခြင်း၊ တွင်းငယ်ကျေးရွာအုပ်စု ရေညှာဦးကျေးရွာ၊ ဗနွဲကျေးရွာ၊ ကျောက်ဖြူကျေးရွာ၊ တောင်လယ်ကျေးရွာတို့မှ လူနေအိမ်များ စုစုပေါင်း(၆၈)လုံး အမိုးလန်ပျက်စီးခဲ့သဖြင့် ငွေကျပ် (၈၀၄၀၀၀၀) ခန့်ဆုံးရှုံးခဲ့ကြောင်း သိရသည်။

အဆိုပါ လေပြင်းတိုက်ခိုက်မှုကြောင့် ပျက်စီးဆုံးရှုံးခဲ့သည့် ကျေးရွာများသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းထိုက်အောင်နှင့်အဖွဲ့ဝင်များ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးများနှင့် တာဝန်ရှိသူများမှ ကူညီထောက်ပံ့မှုများဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)