ရန်ကုန် ဧပြီ ၁
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ်၌ ၂ဝ၂၄ ခုနှစ်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး၊ (U-25) ဘောလုံးအမျိုးသားပြိုင်ပွဲတွင် တံခွန်စိုက်ဆုရရှိသည့် ရန်ကုန်တိုင်းဒေသကြီး အမျိုးသားဘောလုံးအသင်းကို ယနေ့ နံနက်(၈)နာရီ မိနစ်(၃၀)က အင်းစိန်မြို့နယ်၊ ပြည်လမ်း၊ အ.ထ.က (၈) ကျောင်းရှေ့မှစ၍ လေဆိပ်လမ်းဆုံအထိ ကြိုဆိုကြသည်။
ထိုသို့ ကြိုဆိုရာတွင် အင်းစိန်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန့်ဇင်၊ မင်္ဂလာဒုံခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကောင်းညွန့်၊ အင်းစိန်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် (၁) ဒုတိယဗိုလ်မှူးကြီး မြတ်စိုးနှင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ အင်းစိန်မြို့နယ်၊ လှိုင်သာယာ (အရှေ့ပိုင်း) မြို့နယ်၊ လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ်၊ ရွှေပြည်သာမြို့နယ်၊ မင်္ဂလာဒုံမြို့နယ်တို့မှ ဒေသခံပြည်သူများ၊ အင်းစိန်ခရိုင်ကိုယ်စားပြု ဘင်ခရာအဖွဲ့နှင့် တာဝန်ရှိသူများက စည်ကားသိုက်မြိုက်စွာ ကြိုဆိုခဲ့ကြကြောင်း သိရသည်။
ဇွဲထက်ကို (ပြန်/ဆက်)