ပန်းတောင်းမြို့နယ်တွင် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနအမည်အား ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာနအမည်သို့ ပြင်ဆင်ပြောင်းလဲသည့် အခမ်းအနားကျင်းပ

ပန်းတောင်း ဧပြီ ၁

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်တွင် ယနေ့နံနက် (၆:၃၀) အချိန်က ပန်းတောင်းမြို့၊ မင်းရပ်ရပ်ကွက် စည်ပင်သာယာလမ်းရှိ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနရုံး၌ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနအမည်အား ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာနအမည်သို့ ပြင်ဆင်ပြောင်းလဲသည့် အခမ်းအနား ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ကြခတ်ရပ်ကွက်၊ ဆုတောင်းပြည့်ကျောင်းတိုက်ဆရာတော် ဥူးအရိယာဝံသနှင့် ပင့်ဆောင်သံဃာ (၂) ပါးအား အာရုဏ်ဆွမ်းဆပ်ကပ်လှူဒါန်းခဲ့ပြီး ဆိုင်းဘုတ်တင်အခမ်းအနားပြုလုပ်ခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်သူရနှင့် အဖွဲ့ဝင်များမှ ဆိုင်ဘုတ်အသစ်အား အမွေးနံ့သာရေများ ပတ်ဖြန်းကာ ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာနဆိုင်ဘုတ်အား တင်ခဲ့ကြပြီး အခမ်းနားအား ရုပ်သိမ်းခဲ့ကြောင်း သိရသည်။ ယင်းအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်သူရ၊ အဖွဲ့ဝင်(၁)ဗိုလ်မှူးကျော်ညီနှင့် အဖွဲ့ဝင်များ၊ မြို့နယ်မြေစာရင်းဦးစီးမှူး ဦးလင်းလင်းထွန်းနှင့် ဝန်ထမ်းများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ စုစုပေါင်းအင်အား (၄၅)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

လပြည့်လင်း (ပြန်/ဆက်)