အုတ်တွင်းမြို့နယ် မြေစာရင်းဦးစီးဌာန၏ ဌာနအမည်ပြောင်းလဲခြင်း ဆိုင်းဘုတ်တင်ပွဲ အခမ်းအနားကျင်းပ

အုတ်တွင်း ဧပြီ ၁

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် အုတ်တွင်းမြို့နယ်၌ မြေစာရင်းဦးစီးဌာန၏ ဌာနအမည် ပြောင်းလဲခြင်း ဆိုင်းဘုတ်တင်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါရုံး၌ကျင်းပသည်။

အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် (၁) ဗိုလ်မှူးမြင့်ဇော်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ တက်‌ရောက်ကြပြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာန အုတ်တွင်းမြို့နယ် မြေစာရင်းဦးစီးဌာနဆိုင်းဘုတ်ကို အောင်သပြေခက်ဖြင့် အမွှေးနံ့သာရည်ပက်ဖျန်း၍ စိုက်ထူခဲ့ကြသည်။

လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနအမည်အား ဧပြီ ၁ ရက်နေ့မှစ၍ ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာနဟု အတည်ပြုပြောင်းလဲလိုက်ကြောင်း သိရသည်။

အေမင်းရည်စော(ပြန်/ဆက်)