ကျောက်ဆည် ဧပြီ ၁
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် ရေရရှိရေးနည်းလမ်းများ အလိုက် ၂၀၂၃-၂၀၂၄ခုနှစ် နွေသီးနှံမျိုးစုံ(၄၂၁၆၈၇)ဧက လျာထားပြီး သင်းတွဲစိုက်ပျိုးရေးရှေ့တန်းစခန်းတွင် (၉၁၇၉)ဧက လျာထားစိုက်ပျိုးလျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ထိုသို့ နွေသီးနှံများစိုက်ပျိုးရာတွင် နွေစပါးကို သင်းတွဲမြောင်းရေဖြင့် ကုလားကျောင်း ကျေးရွာအုပ်စုတွင် (၄၀၀)ဧက၊ နှမ်းသီးနှံကို မင်းရဲမြောင်းရေဖြင့် ငှက္ကတောင်၊ ထန်းဇင်တော်၊ အရှေ့ငယ်တိုးကျေးရွာအုပ်စုများတွင် (၆၉၄)ဧက၊ သင်းတွဲမြောင်းရေဖြင့် ပြည်တော်သာ၊ ရှမ်းတောင်ဦး၊ ပုထိုးနီ၊ ကုလားကျောင်း၊ ငှက္ကတောင်၊ ထန်းဇင်တော်၊ အရှေ့ငယ်တိုး၊ ရွှေဒါး၊ ရဲဘော်ကြီးကျေးရွာအုပ်များတွင်(၁၇၈၃)ဧက၊ ငပြောင်မြောင်း ရေဖြင့် သင်္ဂတုံ၊ အရှေ့သာဂရ၊ ကလေး၊ မှိုင်းပန်၊ ပြည်တော်သာ၊ ရှမ်းတောင်ဦး ကျေးရွာအုပ်စုများတွင်(၂၃၃၄)ဧက၊ မိုးကြိုပဲတီစိမ်းသီးနှံများကို မင်းရဲမြောင်းရေဖြင့် အရှေ့ငယ်တိုးကျေးရွာအုပ်စုတွင်(၅၀)ဧက၊ သင်းတွဲမြောင်း ရေဖြင့် ပြည်တော်သာ၊ ရှမ်းတောင်ဦး၊ ပုထိုးနီ၊ ကုလားကျောင်း၊ ငှက္ကတောင်၊ ထန်းဇင်တော်၊ အရှေ့ငယ်တိုး၊ ရွှေဒါး၊ ရဲဘော်ကြီးကျေးရွာအုပ်များတွင်(၃၀၃၈)ဧက၊ ငပြောင်မြောင်းရေဖြင့် သင်္ဂတုံ၊ အရှေ့သာဂရ၊ ကလေး၊ မှိုင်းပန်၊ ပြည်တော်သာ(၇၈၀)ဧက စုစုပေါင်း(၉၁၇၉) လျာထားစိုက်ပျိုးလျက်ရှိကြောင်း သိရသည်။
လျာထားနွေသီးနှံများပြည့်မီကျော်လွန်ရေးနှင့် မျှော်မှန်းအထွက်နှုန်းရရှိရေး မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ ဝန်ထမ်းများက တောင်သူများနှင့်ပူးပေါင်း၍ ဒေသနှင့်ကိုက်ညီသည့်မျိုးများ၊ စိုက်နည်းစနစ်များ စနစ်တကျကူညီပေးလျက်ရှိပြီး မြို့နယ်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ စိုက်ပျိုးရေများ ပြည့်ဝစွာ ပေးဝေလျက်ရှိကြောင်း သိရသည်။
ခရိုင်ပြန်/ဆက်