မင်္ဂလာတောင်ညွန့် မတ် ၃၁
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ် အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းမြတ်မင်္ဂလာခန်းမတွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ တိုင်းဒေသကြီး လူငယ်ရေးရာကော်မတီမှ ကြီးမှူးဖွင့်လှစ်သည့် ကင်းထောက်လူငယ်သင်တန်းဆင်းပွဲ အခမ်း အနားကို ယမန်နေ့ ညနေ(၃)နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းဒေသကြီးလူငယ်ရေးရာ ကော်မတီမှ ကြီးမှူးဖွင့်လှစ်သည့် ကင်းထောက်လူငယ်သင်တန်း ဆင်းပွဲအခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်၊ အဖွဲ့ဝင်(၂) ဦးဝင်းလှိုင်၊ မြို့နယ်ပညာရေးမှူး ဒေါ်မော်မော်ခိုင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဉီးမြသိန်းထွန်းတို့က သင်တန်းဆင်းအမှာစကားပြောကြားခဲ့ပြီး သင်တန်းဆင်းလက်မှတ်များကို ဥက္ကဋ္ဌ ဦးမြသိန်းထွန်းက ပေးအပ်ခဲ့ကြောင်း သိရသည်။
ထို့နောက် အ-ထ-က(၁) ကျောင်းမှ ကျောင်းသူလေးများက သင်္ကြန်သီချင်းဖြင့်ကပြဖျော်ဖြေခြင်း၊ ကင်းထောက်လူငယ်လေးများ၏ လှုပ်ရှားမှုမှတ်တမ်း video ပြသခြင်းနှင့် ကင်းထောက်လူငယ်လေးများက "အစဉ်အသင့်ကင်းထောက်များရဲ့ ရှေသို့ခြေလှမ်း” သီချင်းသီဆိုပြီး သင်တန်းဆင်း အခမ်းအနားကို ရုတ်သိမ်းခဲ့ပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးကြကြောင်း သိရသည်။
ကင်းထောက်လူငယ်သင်တန်းတွင် မင်္ဂလာတောင်ညွန့်မြို့နယ် အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းမှ သင်တန်းသား (၂၀)ဦးနှင့် သင်တန်းသူ (၂၀)ဦး စုစုပေါင်း(၄၀)ဦးတို့ကို မတ်လ(၂၅)ရက်နေ့မှ(၂၉)ရက်နေ့အထိ ဖွင့်လှစ်သင်ကြားပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)