ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်၌ ကင်းထောက်လူငယ်သင်တန်းဆင်းပွဲအခမ်းအနားကျင်းပ

ဒဂုံမြောက် မတ် ၃၁

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ တိုင်းဒေသကြီးလူငယ်ရေးရာကော်မတီမှ ကြီးမှူးဖွင့်လှစ်သည့် ကင်းထောက်လူငယ် သင်တန်းဖွင့်ပွဲအခမ်းအနားကို မတ်လ ၂၉ ရက်နေ့ ညနေ‌ပိုင်း(၃)နာရီအချိန်က  (၄၆)ရပ်ကွက်ရှိ အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်း၊ ကျောင်းခန်းမ၌ သင်တန်းဆင်းပွဲအခမ်းအနား ကျင်းပခဲ့ကြောင်း သိရသည်။

ကင်းထောက်လူငယ် သင်တန်းဆင်းပွဲအခမ်းအနားတွင် ပြည်သူ့အတွက် အဆင်သင့် တေးသီချင်းဖြင့် ဂုဏ်ပြုသီဆိုဖွင့်လှစ်ပြီး ခရိုင်လူငယ်ရေးရာကော်မတီ ဒုတိယဥက္ကဋ္ဌ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၂) ဒေါက်တာရွှေပြည်စိုးကမှ သင်တန်းဆင်းအမှာစကားပြောကြားခဲ့သည်။ 

အဆိုပါ အခမ်းအနားသို့ ဒဂုံမြို့သစ်ခရိုင်လူငယ်‌ ရေးရာ‌ကော်မတီဒုတိယဉက္ကဋ္ဌ ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင် (၂) ဒေါက်တာရွှေပြည်စိုး၊   မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၂) ဦးမြင့်ဇော်၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းလတ်ပိုင်ဦးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ပညာ ရေးမှူးနှင့် ဆရာ၊ ဆရာမများ၊ သင်တန်းသား၊ သင်တန်းသူများ  တက်ရောက်ခဲ့ကြသည်။

ဒဂုံမြို့သစ်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့(၂)မှ သင်တန်းသား/သူများအား သင်တန်းဆင်းလက်မှတ် ပေးအပ်ခဲ့ပြီး ကင်းထောက်ကျောင်းသားလူငယ်များက “ကင်းထောက်လူငယ်များရှေ့သို့‌ ခြေလှမ်း” သီချင်းဖြင့် သီဆို၍ တက်ရောက်လာသူများကလည်း “ကင်းထောက်လူငယ်များရှေ့သို့‌ခြေလှမ်း” သီချင်းအား သံပြိုင်သီဆိုကြပြီး သင်တန်းဆင်းပွဲ အခမ်းအနားကို ရုတ်သိမ်းခဲ့ကြောင်း သိရသည်။       

မြင့်မြင့်ရီ