ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်၌ ကင်းထောက်လူငယ်သင်တန်းဆင်းပွဲအခမ်းအနားကျင်းပ

ဒဂုံတောင် မတ် ၃၁

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ် အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်းတွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းဒေသကြီးလူငယ် ရေးရာကော်မတီက ကြီးမှူးဖွင့်လှစ်သည့် ကင်းထောက်လူငယ် သင်တန်းဆင်းပွဲအခမ်းအနား ကို မတ်လ ၂၉ ရက်နေ့ ညနေ ၃ နာရီ မိနစ် ၃၀ အချိန်က ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ် အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း နဝရတ်ခန်းမ၌ ကျင်းပကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းဒေသကြီး လူငယ်ရေးရာကော်မတီမှ ကြီးမှူးဖွင့်လှစ်သည့် ကင်းထောက်လူငယ်သင်တန်း ဆင်းပွဲအခမ်းအနားကို ကျင်းပရာ ကင်းထောက်လူငယ်‌ မောင်မယ်များက ကင်းထောက်များရဲ့ရှေ့သို့ခြေလှမ်း တေးသီချင်းနှင့် ပြည်သူ့အတွက် အစဉ်သင့် တေးသီချင်းတို့ဖြင့် ဖျော်ဖြေကြပြီး မြို့နယ်ပညာရေးမှူး ဦးကီးလောဟာက သင်တန်ဆင်းအမှာစကားပြောကြားကာ သင်းတန်းဆင်းလက်မှတ်များ ပေးအပ်သည်။ သင်တန်းဆင်းပွဲသို့ မြို့နယ်ပညာရေးမှူးနှင့် ကျောင်းအုပ်ဆရာ၊ ဆရာမကြီးများ သင်တန်း နည်းပြများနှင့် တာဝန်ရှိသူများ စုစုပေါင်းအင်အား (၁၂၀) ဦး တက်ရောက်ကြကြောင်းနှင့် ကင်းထောက်လူငယ်သင်းတန်းကို မတ်လ (၂၅)ရက်နေ့မှ(၂၉)ရက်နေ့အထိ ဖွင့်လှစ်ပြီး အိမ်တွင်းလက်မှုပညာ၊ ကြိုးထုံးနည်း၊ ကြက်ခြေနီရှေး‌ဦးပြုစုခြင်း၊ လူငယ်အချင်းချင်း ပူးပေါင်းဆောင်ရွက်တတ်သော စိတ်ဓာတ်များ စသည့်ပညာရပ်များ သင်ကြားပြသပေးကြောင်း သိရသည်။

သန်းသန်းအေး