လဲချားတွင် အိမ်ထောင်စုနှင့် နိုင်ငံသားဆိုင်ရာအသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေ
Apr 01,2024
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့တွင် အိမ်ထောင်စုနှင့် နိုင်ငံသားဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များကို ယမန်နေ့နံနက် ၁၁နာရီအချိန်တွင် လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနဝန်ထမ်းများက မြို့မစျေးနှင့်လူစည်ကားရာ ပြည်ထောင်စုလမ်းမတစ်လျှောက်တွင် ပြည်သူလက်ဝယ်အရောက် အခမဲ့ဖြန့်ဝေခဲ့ကြောင်း သိရသည်။