လဲချား ဧပြီ ၁
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့တွင် အိမ်ထောင်စုနှင့် နိုင်ငံသားဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များကို ယမန်နေ့နံနက် ၁၁နာရီအချိန်တွင် လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနဝန်ထမ်းများက မြို့မစျေးနှင့်လူစည်ကားရာ ပြည်ထောင်စုလမ်းမတစ်လျှောက်တွင် ပြည်သူလက်ဝယ်အရောက် အခမဲ့ဖြန့်ဝေခဲ့ကြောင်း သိရသည်။
အဆိုပါလက်ကမ်းစာစောင်တွင် အိမ်ထောင်စုစာရင်းတွင် ပါရှိရမည့် အထောက်အထားများ၊ အိမ်ထောင်စုလူဦးရေတိုးခြင်း/ လျော့ခြင်း၊ အိမ်ထောင်စုအလိုက် ပြောင်းဝင်ခြင်း/ ပြောင်းထွက်ခြင်း၊ အသက်၁၀နှစ်ပြည့် (သို့မဟုတ်) ၁၈ နှစ်ပြည့်လျှောက်ထားခြင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြား ပျက်စီး၊ ပျောက်ဆုံးမိတ္တူလျှောက်ထားခြင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြား ကိုင်ဆောင်ထားသူများ သတိပြုလိုက်နာရမည့်အချက်များ စသည့်အသိပညာပေးများ ပါဝင်ကြောင်း သိရသည်။
လဲချား (မြို့နယ်ပြန်/ဆက်)