ပွင့်ဖြူမြို့နယ်၌ တောင်သူအစုအဖွဲ့များစုပေါင်း၍ ပဲမျိုးစုံသီးနှံစုပေါင်းရောင်းချပွဲ ပြုလုပ်ပေးသဖြင့် ဒေသခံတောင်သူများ အဆင်ပြေ
Apr 01,2024
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် တောင်သူဖွံ့ဖြိုးရေးအဖွဲ့က တိုင်းဒေသကြီးတောင်သူဖွံ့ဖြိုးရေးအဖွဲ့၊ မြင့်မြတ်တော်ဝင်သီးနှံရောင်းဝယ်ရေးကုမ္ပဏီ ၊ Good Brother သီးနှံရောင်းဝယ်ရေးကုမ္ပဏီတို့နှင့်ပူးပေါင်းပြီး ကံသာကြီးကျေးရွာ၌ တောင်သူအစုအဖွဲ့များစုပေါင်းပြီး ပဲမျိုးစုံသီးနှံ စုပေါင်းရောင်းချပွဲကို မတ်လဒုတိယပတ်ကစပြီး စီစဉ်ကျင်းပပြုလုပ်ပေးလျက်ရှိရာ ပဲမျိုးစုံသီးနှံလာရောက်ရောင်းချသည့် ဒေသခံတောင်သူများအတွက် အချိန်ကုန်လူပင်ပန်းသက်သာစွာဖြင့် သီးနှံရောင်းချခွင့်ရရှိသဖြင့် အဆင်ပြေလျက်ရှိကြောင်း ပွင့်ဖြူမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများထံက သိရသည်။