သတင်းများ

မုဒုံမြို့တွင် ဓမ္မာစရိယနှင့် ပါဠိပထမပြန်စာမေးပွဲဆက်လက်ဖြေဆို
Mar 31,2024
မွန်ပြည်နယ် မုဒုံမြို့နယ်တွင် ဓမ္မာစရိယနှင့် ပါဠိပထမပြန် စာမေးပွဲကို ယနေ့ မွန်းတည့် ၁၂ နာရီက မြို့မ(၂)ရပ်ကွက်ရှိ သာသနာ့ဗိမာန်တော်၌ ဆက်လက်ဖြေဆိုလျက်ရှိသည်။
နိုင်ငံတော်မှ ဆက်ကပ်လှူဒါန်းသော ဘွဲ့တံဆိပ်တော်ရ ဆရာတော်အား ထပ်ဆင့်ဆက်ကပ်ပူဇော်ပွဲ ဆင်ယင်ကျင်းပ
Mar 31,2024
နိုင်ငံတော်မှ ဆက်ကပ်လှူဒါန်းသည့် မဟာဂန္ထဝါစကပဏ္ဍိတ ဘွဲ့တံဆိပ်တော်ရ ပေါင်းတည်မြို့ သဒ္ဓမ္မဇောတိကာရုံကျောင်းတိုက်၏ ဦးစီးပဓာန နာယက ဆရာတော်ဘဒ္ဒန္တသုန္ဒရအား ဂုဏ်ပြုချီးကျူးပူဇော်ပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်းက  သာသနာ့ ဗိမာန်တော်တွင် ဆင်ယင်ကျင်းပရာ မဟာဂန္ထဝါစကပဏ္ဍိတဘွဲ့တံဆိပ်တော်ရ ဆရာတော် ဘဒ္ဒန္တသုန္ဒရ အမှူးပြုသော ဆရာတော် သံဃာတော်များ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ အလှူဒါယိကာများ၊ တပည့်ဒါယကာ၊ ဒါယိကာမများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ပူဇော်ကြသည်။
တံတားဦးမြို့နယ်တွင် ငရုတ်စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိ
Mar 31,2024
တံတားဦးခရိုင် တံတားဦးမြို့နယ်တွင် စားဖိုချောင်သီးနှံများဖြစ်သော ငရုတ်၊ ကြက်သွန်၊ ခရမ်းသီး၊ ကန်စွန်းရွက်၊ ပန်းမုံလာ၊ ဂေါ်ဖီထုပ်၊ ချဉ်ပေါင်ရွက် စသည်တို့ စိုက်ပျိုးကြပြီး ငရုတ်စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။
မြောင်းမြမြို့နယ်တွင် နွေစပါးစံပြကွက် ရိတ်သိမ်းပွဲ ဆောင်ရွက်
Mar 31,2024
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့နယ် မဒေါ့ပင်ကျေးရွာတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက ဦးဆောင်ကျင်းပသည့် ၂၀၂၄ ခုနှစ်‌ နွေစပါးစံပြကွက် စံကွက်ရိတ်သိမ်းပွဲကို ယမန်နေ့ ညနေ ၄:၀၀  နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။
လားရှိုးမြို့ သီရိမင်္ဂလာမန်ဆူရှမ်းကျောင်းတွင်ရောက်ရှိနေသည့် ယာယီနေရပ်စွန့်ခွာ ပြည်သူများအား အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပေးအပ်
Mar 31,2024
ရှမ်းပြည်နယ်(မြောက်ပိုင်း)အတွင်း ဖြစ်ပွားခဲ့သော တိုက်ပွဲဖြစ်စဉ်များကြောင့် လားရှိုးမြို့ ၊ သီရိမင်္ဂလာ မန်ဆူရှမ်းကျောင်းတိုက်တွင် ရောက်ရှိနေကြသည့် ယာယီနေရပ်စွန့်ခွာပြည်သူများအား အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက် ၁၁ နာရီအချိန်က သီရိမင်္ဂလာမန်ဆူရှမ်းကျောင်း တိုက်တွင် ပြုလုပ်သည်။
နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုး နေပြည်တော်ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းဆိုင်ရာ ကြီးကြပ်ရေးကော်မတီ (၃/၂၀၂၄) အစည်းအဝေးတက်ရောက်
Mar 31,2024
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းဆိုင်ရာ ကြီးကြပ်ရေးကော်မတီ (၃/၂၀၂၄) အစည်းအဝေးကို ယမန်နေ့ ညနေ ၅ နာရီတွင် နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ(၂)၌ ကျင်းပရာ နေပြည်တော်ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းဆိုင်ရာ ကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုး၊ နေပြည်တော်ကုသရေးဦးစီးဌာနမှူး ဒေါက်တာ သန်းနိုင်စိုး၊ နေပြည်တော် ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းဆိုင်ရာ ကြီးကြပ်ရေးကော်မတီအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ကျွန်းလှ၌ နွေရာသီအခြေခံအားကစားသင်တန်းဆင်းပွဲကျင်းပ
Mar 31,2024
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာနက ကြီးမှူးဖွင့်လှစ်သည့် နွေရာသီအခြေခံအားကစားသင်တန်းများဆင်းပွဲကို ယနေ့ နံနက် ၁၀ နာရီ က ရွှေကျွန်းမြေမိုးလုံလေလုံအားကစားရုံ၌ ကျင်းပခဲ့ကြောင်း သိရသည်။
မြောင်းမြခရိုင် Community Centre ခန်းမ၌ စာဖတ်ဝိုင်း ကျင်းပ
Mar 31,2024
ဧရာဝတီတိုင်းဒေသကြီး၊  မြောင်းမြခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန ( Community Centre) ခန်းမတွင် ယနေ့ နံနက် (၁၀:၀၀ )နာရီအချိန်က Book Club အဖွဲ့နှင့် စာရေးဆရာ ကျော်ကျော်လှိုင် ရေးသားသည့် "နှလုံးသားကို ဖြူစင်အောင်ထားပါ" စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်ခဲ့သည်။