ချောင်းဆုံမြို့နယ်ရှိ ကျေးရွာနေပြည်သူများအတွက် သောက်သုံးရေများ သွားရောက်လှူဒါန်း
Apr 01,2024
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်၌ ပူပြင်းခြောက်သွေ့ပြီး နွေရာသီတွင် ကျေးရွာ/ရပ်ကွက်များရှိပြည်သူများ သောက်သုံးရေပြတ်လပ်မှုမရှိစေရေးရည်ရွယ်ပြီး ချောင်းဆုံမြို့နယ် မီးသတ်ဦးစီးဌာနမှ မြို့နယ်အတွင်းရှိပင်လယ်ကမ်းစပ်နှင့်နီးသည့် ကျေးရွာများနှင့် နွေရာသီတွင်ရေရှားပါးသည့်ကွင်းရွာများရှိ ရေလှောင်ကန်နှင့်နေအိမ်များသို့သောက်သုံးရေများ အခမဲ့ဖြန့်ဝေခြင်းကို မတ် ၃၁ ရက်က ချောင်းဆုံမြို့နယ် ဒေါင်းရပ်အနောက်ကျေးရွာသို့ သွားရောက်ဖြန့်ဝေပေးခဲ့သည်။