တာမွေမြို့နယ်၌ ရက်(၁၀၀)စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID အချက်အလက်ကောက်ယူခြင်းများ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိ

တာမွေ မေ ၁

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တာမွေမြို့နယ်၊ မအူကုန်းရပ်ကွက်ရှိ အမှတ်(၃)အခြေခံပညာအလယ်တန်းကျောင်း၌ ယမန်နေ့နံနက်ပိုင်းအချိန်က မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ မြို့နယ်လဝကမှူး ဦးမြတ်သူထွန်းနှင့် သက်ဆိုင်ရာဝန်ထမ်းများက မအူကုန်းရပ်ကွက်အတွင်း နေထိုင်ကြသော ပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID အချက်အလက်ကောက်ယူခြင်းများကို နိုင်ငံတော်အစိုးရ၏ ရက်(၁၀၀)စီမံချက်ဖြင့် မြေပြင်ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ထိုကဲ့သို့ ရက်(၁၀၀)စီမံချက်ဖြင့် ကွင်းဆင်းဆောင်ရွက်ပေးနေမှုအခြေအနေများအား တာမွေမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်ဝင်းနှင့်အဖွဲ့ဝင်များ၊ သက်ဆိုင်ရာတာဝန်ရှိသူများက လိုက်လံကြည့်ရှုအား‌‌ပေးခဲ့ပြီး လိုအပ်သည်များကို ဖြည့်ဆည်းကူညီဆောင်ရွက်ပေးခဲ့ကြသည်။

ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင်၊ တာမွေမြို့နယ်၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနအနေဖြင့် မြို့နယ်အတွင်းရှိ ပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID အချက်အလက်ကောက်ယူခြင်းများကို သက်ဆိုင်ရာမြို့နယ်ရုံး၌ ပုံမှန်ဆာင်ရွက်ပေးလျက်ရှိသလို ယခုအခါ နိုင်ငံတော်အစိုးရ၏ ရက်(၁၀၀)စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID အချက်အလက်ကောက်ယူခြင်းများကို သက်ဆိုင်ရာရပ်ကွက်များအလိုက် မြေပြင်ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိပါသည်။

ထက်တံခွန် (တာမွေ)