ကျောက်ပန်းတောင်း မေ ၃
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် မီးသတ်ဦးစီးဌာနမှ ၇၈ နှစ်မြောက် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့်၊ ယနေ့ နံနက်(၉)နာရီက၊ သာယာအေးရပ်ကွက်ရှိ လေးရွာဘုန်းတော်ကြီးကျောင်းမှ သံဃာတော်အရှင်သူမြတ်များ သောက်သုံးရေ အခက်အခဲ မရှိစေရန်အတွက် ရေဂါလံ ၃၂၀၀ သွားရောက် လှူဒါန်းခဲ့ကြကြောင်း သိရသည်။
မြို့နယ်မီးသတ်ဦးစီးမှူး ဦးကျော်နိုင်လင်း ဦးဆောင်သည့်၊ သန္ဓေတပ်ဖွဲ့ဝင် ၂၅ ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင် ၁၀ ဦး စုစုပေါင်း ၃၅ ဦးတို့သည်၊ သာယာအေးရပ်ကွက်အတွင်းရှိ လေးရွာဘုန်းတော်ကြီးမှ သံဃာတော် အရှင်သူမြတ်များ၊ သောက်သုံးရေ အခက်အခဲ မရှိစေရေးအတွက်၊ ရေသယ်ယာဉ်(၂)စီးဖြင့် သွားရောက်ကာ၊ ကျောင်းထိုင်ဆရာတော်အား ဖူးမြော်၍ အဆိုပါ ဘုန်းတော်ကြီးကျောင်းရှိ သောက်သုံးရေကန်များအား သန့်ရှင်းရေးပြုလုပ်ခြင်း၊ ရေဖြည့်ခြင်းများ ဆောင်ရွက်ခဲ့ကြပြီး၊ ရေဂါလံ ၃၂၀၀ လှူဒါန်းခဲ့ကြကြောင်း သိရသည်။
နေအောင်(ပြန်/ဆက်)