ရွှေဘိုမြို့၌ "(၂၇)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့" အထိမ်းအမှတ်ခရိုင်အဆင့် ပြိုင်ပွဲများကျင်းပ

​ရွှေဘို ​မေ ၃

စစ်ကိုင်းတိုင်းဒေသကြီး၊​ ရွှေဘိုခရိုင် ​ရွှေဘိုမြို့၊ အမှတ်(၂)အ​ခြေခံပညာအထက်တန်း​ကျောင်း​ရွှေရတုခန်းမ၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်(၂၇)ကြိမ်​မြောက် ခရိုင်အဆင့် ပန်းချီ၊ ကာတွန်း၊ ပိုစတာ၊ ကဗျာ၊ ကွန်ပျူတာပန်းချီပြိုင်ပွဲကို ယနေ့ နံနက် ၉ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ ခရိုင်အဆင့်ပြိုင်ပွဲတွင် အထက်တန်း၊ အလယ်တန်း၊ မူလတန်း​ကျောင်းသား/ ​ကျောင်းသူ​လေးများက "မူးယစ်ရန်စွယ် အသွယ်သွယ် အန္တရာယ်ဟူသမျှ ​ရှောင်ရှားကြ" "မူးယစ်​ဆေးဝါးကာကွယ်​ရေး အသိပညာမြှင့်တင်​ပေး" "မူးယစ်အဆိပ်​ငွေ့ ကင်းစင်မှ တိုးပွားရှင်သန် မျိုးဗီဇ" "ညာဏ်ရည်လည်းရှုံး လူညွန့်တုံး စည်းလုံးတိုက်ပစ် ထိုမူးယစ်" "လူ့ဘောင်သာယာလှပဖို့ ​နွေး​ထွေး​​ပွေ့ဖက်​ဖေးမလို့ မူးယစ်စွဲသူ ကူညီစို့" " မူးယစ်ကင်းကွာပ​ပျောက်ဖို့ လူကြီးလူငယ်လက်တွဲစို့" " ခွဲခြားနှိမ့်ချ ကင်းစင်​ဝေး၊ ကာကွယ်​ရေးကိုအ​လေး​ပေး၊ လူသားအားလုံးကျန်းမာ​ရေး" စသည့် ခေါင်းစဉ် အသီးသီးဖြင့် ကျောင်းသား/သူ၊ စုစုပေါင်း (၅၅)ဦးတို့က ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။

ပြိုင်ပွဲသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးမျိုးဦးနှင့် အဖွဲ့ဝင်များ၊ အမှတ်(၅)စစ်အုပ်ချုပ်​ရေးနယ်မြေ စစ်နယ်​မြေမှူးနှင့် အရာရှိစစ်သည်များ ခရိုင်ရဲတပ်ဖွဲ့မှူး ​ဒုတိယရဲမှူးကြီး​အောင်ရာဇာဖြိုးနှင့် တပ်ဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်ပညာ​ရေးမှူးများ၊ မြို့နယ်စီမံအုပ်ချုပ်​ရေးအဖွဲ့ဥက္ကဋ္ဌ ဦး​ဇော်မျိုးဝင်းနှင့် အဖွဲ့ဝင်များ၊​ ကျောင်းအုပ်ကြီးများက ကြည့်ရှုအားပေးခဲ့ကြပြီး၊ ဆရာ/ဆရာမများက ပြိုင်ပွဲဝင်များအား ကြီးကြပ်ခဲ့ကြောင်း သိရသည်။

အေးမြင့်စန်း

​ခရိုင်(ပြန်/ဆက်)