ရပ်စောက်မြို့နယ် မြို့မဈေးသမဝါယမအသင်းမှ အသင်းသားများအား စုဆောင်းငွေပေါ်အတိုးများ ထုတ်ပေး

ရပ်စောက် ဧပြီ ၇

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ရပ်စောက်မြို့နယ် မြို့မဈေးသမဝါယမအသင်းမှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွက် ဒုတိယ (၆) လအတွက် အသင်းသားများ၏ စုဆောင်းငွေအပေါ် အတိုးထုတ်ပေးခြင်းကို ယမန်နေ့က အဆိုပါ သမဝါယမအသင်းရုံးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ရပ်စောက်မြို့နယ် မြို့မဈေးသမဝါယမအသင်းတွင် အသင်းသား (၅၁၄) ဦးရှိပြီး ၎င်းအသင်းသားများအတွက် စုဆောင်းငွေအပေါ် အတိုးငွေကျပ် (၁၉၁) သိန်းအား မြို့မဈေးသမဝါယမအသင်း အမှုဆောင်အဖွဲ့ဝင်များမှ ကြီးကြပ်၍ အသင်းသားများအား ထုတ်ပေးခဲ့ကြောင်း သိရသည်။

ဆုမွန်