သာစည်မြို့နယ်၌ ပါဠိပထမပြန်စာမေးပွဲ ဖြေဆိုနေသော စာဖြေသံဃာတော်များ ရေအခက်အခဲမရှိစေရေး မြို့နယ်မီးသတ်ဦးစီးဌာနက ရေအခမဲ့သွားရောက်လှူဒါန်း

သာစည် ဧပြီ ၇

မန္တလေးတိုင်းဒေသကြီး သာစည်မြို့ အမှတ် (၆) ရပ်ကွက် သာယာကုန်းကျောင်းတိုက်၌ ပါဠိပထမပြန်စာမေးပွဲ ကျင်းပဖြေဆိုလျက်ရှိရာ စာဖြေသံဃာတော်များ ရေအခက်အခဲမရှိစေရန် မြို့နယ်မီးသတ်ဦးစီးဌာနက ရေသယ်ယာဉ်ဖြင့် မတ် ၆ ရက်က ရေအခမဲ့သွားရောက်လှူဒါန်းခဲ့ကြောင်း မြို့နယ်မီးသတ်ဦးစီးမှူး ဦးထွန်းထွန်းဝင်းထံက သိရသည်။

ရေလှူဒါန်းရာတွင် တပ်ဖွဲ့ဝင်များက ရေဂါလံ ၁၂၀၀ ဆံ့ ရေသယ်ယာဉ်ဖြင့် သွားရောက်လှူဒါန်းပေးခဲ့ပြီး စာမေးပွဲကျင်းပနေစဉ်အတွင်း ရေအခက်အခဲမရှိစေရန် လိုအပ်ပါက ဆက်လက်လှူဒါန်းပေးသွားမည်ဖြစ်ကြောင်း သိရသည်။ သာစည်မြို့နယ် မီးသတ်ဦးစီးဌာနသည် နွေရာသီကာလ ရေရှားပါးသည့်ကျေးရွာများနှင့်ဘုန်းတော်ကြီးကျောင်းများသို့ ရေလှူဒါန်းပေးနိုင်ရန် ဆောင်ရွက်ထားပြီး ရေအခက်အခဲရှိပါက ဖုန်း ၀၆၄၂၀၆၉၁၃၁ နှင့် အရေးပေါ်ဖုန်း ၁၉၁ သို့ ဆက်သွယ်နိုင်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)