မော်လမြိုင်ကျွန်း မေ ၃
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်တွင် မြို့နယ်ကိုယ်စားပြုလူ ရည်ချွန်မောင်မယ်(၇)ဦးအားကြိုဆို ဂုဏ်ပြုပွဲအခမ်းအနားကို ယနေ့နံနက် ၁၁နာရီအချိန်က အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း မဟာဆောင်ခန်းမ၌ ကျင်းပပြုလုပ်သည်။
အဆိုပါအခမ်းအနားတွင် ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ(ကိုယ်စား)အဖွဲဝင် (၁)ဗိုလ်မှူးမင်းလွင်က အဖွင့်အမှာစကားပြောကြားရာတွင် မော်လမြိုင်ကျွန်းမြို့နယ်တွင် မြို့နယ်ကိုယ်စားပြု လူရည်ချွန် (၇) ဦးထူးချွန်ခဲ့ခြင်းအတွက်များစွာ ဂုဏ်ယူပါကြောင်း ယနေ့လူငယ် နောင်ဝယ်လူကြီးဆိုသကဲ့သို့ အနာဂတ်နိုင်ငံတော်၏ တန်ဖိုးမဖြတ်နိုင်သော လူကောင်းလူ တော်လေးများဖြစ်လာကြမှာမလွဲဧကန်ဖြစ်ကြောင်း နိုင်ငံတော်၏ အကျိုးကို သယ်ပိုးထမ်း ဆောင်ကြရမည့်သား ကောင်းရတနာလေးများ ဖြစ်ကြသည့်အတွက်များစွာဂုဏ်ယူမိပါကြောင်း၊ ဆက်လက်ကြိုးစားဆောင်ရွက်သွားကြစေလိုကြောင်းနှင့်ယခုလို ထူးချွန်ထက်မြက်သည့်လူရည်ချွန်များမောင်မယ်များ ဖြစ်လာအောင်သင်ကြားပေးခဲ့သော ဆရာ/ဆရာမများအား ကျေးဇူးတင်ရှိပါကြောင်း ပြောကြားခဲ့ပြီး လူရည်ချွန်ရရှိသော ကျောင်းသားများဖြစ်သည့် မောင်မင်းသက်ခိုင် (Grade- 12)၊ မောင်အောင်ကောင်းပြည့် (Grade -11) ၊ မောင်ရှိုင်းလင်းထက် (Grade- 10)၊ မောင်ထူးမြတ်အောင် (Grade – 9)၊ ကျောင်းသူ မနန္ဒာမိုးဦး (Grade -11)၊ မဂျုမွန်လင်း (Grade -10)၊ မဆုစန္ဒီတိုး (Grade-9) တို့အား ပန်းကုံး၊ ပန်းစည်းများဖြင့် ကြိုဆိုဂုဏ်ပြုခဲ့ကြောင်းသိရသည်။
ရဲကိုမောင် (ပြန်/ဆက်)