တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင် သင်္ကြန်အကျနေ့တွင် မကွေးလေတပ်စခန်း ဌာနချုပ်မိသားစုမဏ္ဍပ်နှင့် ကမ်းနားလမ်းရှိ ရေကစားမဏ္ဍပ်များတွင် ပြည်သူများ ပျော်ရွှင်စွာ ရေကစားနေမှုအား ကြည့်ရှုအားပေး
Apr 15,2024
၁၃၈၅ ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်ကို မြန်မာ့ဓလေ့ထုံးတမ်းအစဉ်အလာများနှင့်အညီ ရိုးရာမပျက် မြန်မာမှု၊ မြန်မာ့ဟန်များ၊ မြန်မာ့ရိုးရာယဉ်ကျေးမှု အနှစ်သာရများ၊ အမျိုးသားရေးစရိုက်လက္ခဏာများကို ဆက်လက်ထိန်းသိမ်းစောင့်ရှောက်တတ်ကြစေရန်၊ ပြည်သူများ ကိုယ်စိတ်နှစ်ပါး ရွှင်လမ်းချမ်းမြေ့စွာဖြင့် ရေသဘင်ပွဲတော်ကို ယဉ်ကျေးသိမ်မွေ့စွာ ပါဝင်ဆင်နွှဲနိုင်ရန်နှင့် ပြည်သူများ မိမိတို့ပင်ပန်းနွမ်းနွယ်သမျှကို အတာရေ ပက်ဖျန်းလန်းဆန်း စေခြင်းဖြင့် နှစ်သစ်တွင် နိုင်ငံတော်၏တာဝန်များကို စွမ်းအားပြည့်ဆောင်ရွက်နိုင်ကြစေရန် စသည့်ရည်ရွယ်ချက်များဖြင့် နိုင်ငံတစ်ဝန်းတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိရာ ၂၀၂၄ ခုနှစ်၊ မြန်မာ့ရိုးရာမဟာသင်္ကြန်အကျနေ့ ယမန်နေ့နံနက် ၈ နာရီအချိန်က တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်သည် အနောက်ပိုင်းလေတပ်ကွပ်ကဲမှုဌာနချုပ်မှူး ဗိုလ်ချုပ်ထွန်းဝင်း၊ မကွေးလေတပ်စခန်းဌာနချုပ်မှူး ဗိုလ်မှူးကြီး သန်းနိုင်ညွန့်၊ တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့်အတူ မကွေးလေတပ်စခန်းဌာနချုပ် မိသားစုရေသဘင်မဏ္ဍပ်နှင့် ကမ်းနားလမ်းရှိ ရေသဘင်မဏ္ဍပ်များတွင် ပြည်သူများ ပျော်ရွှင်စွာ ရေကစားနေမှုအား ကြည့်ရှုအားပေးသည်။