ဆိပ်ကြီးခနောင်တို မေ ၃
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူကလေးငယ်များ နွေရာသီကျောင်းပိတ်ရက်ကာလအတွင်း အချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန်နှင့် အင်္ဂလိပ်စာဘာသာရပ်ကို အခြေခံမှစ၍ ကျွမ်းကျင်တတ်မြောက်စေရန်ရည်ရွယ်၍ နွေရာသီအခြေခံအင်္ဂလိပ်စာသင်တန်းကို မေလ (၁) ရက်နေ့ နေ့လယ် ၁ နာရီအချိန်မှစ၍ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာနခန်းမတွင် အခမဲ့ဖွင့်လှစ်သင်ကြားပေးလျက်ရှိသည်။ သင်တန်းတွင် အခြေခံပညာ အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ ၂၀ ဦးတို့အား အင်္ဂလိပ်စာဆရာ ဦးအောင်ကျော်ဆန်းမှ အခြေခံအင်္ဂလိပ်စာသဒ္ဒါ၊ အခြေခံအင်္ဂလိပ်စကားပြောတို့အား ကျောင်းသား၊ ကျောင်းသူများ စနစ်တကျရေးဖွဲ့ပြောဆိုတတ်စေရန် သင်ကြားပေးလျက်ရှိပြီး၊ သင်ခန်းစာများကို မေ ၁၀ ရက်နေ့အထိ နေ့စဉ် နေ့လယ် ၁ နာရီမှ ညနေ ၃ နာရီအထိ သင်ကြားပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သိရသည်။
မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ကျောင်းသား၊ ကျောင်းသူ ကလေးငယ်များ၏ နွေရာသီကျောင်းပိတ်ရက်ကာလကို အကျိုးရှိစေရန်အတွက် ယခုကဲ့ သင်တန်းများကို အခမဲ့ဖွင့်လှစ်သင်ကြားပေးလျက်ရှိပြီး၊ ပြီးခဲ့သည့် မတ်လ ၂ ရက်မှ ၁၀ ရက်နေ့ အထိလည်း နွေရာသီအခြေခံခဲပန်းချီရေးဆွဲနည်းသင်တန်းကိုလည်း အခမဲ့ဖွင့်လှစ်သင်ကြား ပေးခဲ့ကြောင်း သိရသည်။
ဝေယံ (ပြန်/ဆက်)