မြန်မာ့ရိုးရာမဟာသင်္ကြန်ကာလ ဖြူးချောင်းဆည်ရေပိုလွှဲတွင် ရေကစားသူများဖြင့် စည်ကားလျက်ရှိ
Apr 15,2024
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၌ မဟာသင်္ကြန်ကာလအတွင်း ဖြူးချောင်းဆည်သို့ သွားရောက်၍ ရေပိုလွှဲအတွင်း ရေကစားသူများဖြင့် စည်ကားမှုရှိနေကြောင်း သိရသည်။ ဖြူးချောင်းဆည်သည် ရန်ကုန်မန္တလေးအမြန်လမ်းမကြီး (၁၁၅)မိုင် အနောက်ဘက် (၅)မိုင် အကွာအဝေးတွင်တည်ရှိပြီး ဖြူးဒေသအနေဖြင့် အခြားအားလပ်ရက်များနှင့် သင်္ကြန်ကာလအတွင်း ရေချိူးခြင်း၊ ရေကစားခြင်းအပန်းဖြေခြင်းများအနေဖြင့် သွားရောက်လျက်ရှိကြောင်း သိရသည်။