မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များတွင်  မြန်မာနှစ်ဆန်း (၁)ရက်နေ့၌ မြန်မာ့ရိုးရာယဉ်ကျေးမှုနှင့်အညီ သက်ကြီးဘိုးဘွား ပူဇော်ပွဲများနှင့် ဇီဝိတဒါန ငါးလွှတ်ပွဲများ ကျင်းပ

မန္တလေး ဧပြီ ၁၇

မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များတွင် မြန်မာနှစ်ဆန်း(၁)ရက်နေ့၌ မြန်မာ့ရိုးရာယဉ်ကျေးမှုနှင့်အညီ သက်ကြီးဘိုးဘွား ပူဇော်ပွဲများနှင့် ဇီဝိတဒါန ငါးလွှတ်ပွဲများကို ကျင်းပခဲ့ကြကြောင်း သိရသည်။

သက်ကြီးဘိုးဘွားပူဇော်ကန်တော့ပွဲများကို ရမည်းသင်းမြို့နယ်၌ အသက် (၈၅)နှစ် အထက် သက်ကြီးဘိုးဘွား (၁၆၅)ဦးအား အလှူငွေများကိုလည်းကောင်း၊ မိတ္ထီလာမြို့၌ အသက် ၉ဝ နှစ်အထက် စုစုပေါင်း ၂၁၆ ဦးအား တစ်ဦးကို ကန်တော့ငွေ ငါးသောင်းကျပ်နှုန်းဖြင့် စုစုပေါင်း ၁ဝ၈ သိန်းကျပ်ကိုလည်းကောင်း၊ ချမ်းမြသာစည်မြို့နယ်၌ အဘိုး(၁၂)ဦး၊ အဘွား(၁၁)ဦး စုစုပေါင်း(၂၃)ဦးတို့အား  တစ်ဦးလျှင်ငွေကျပ်(၄၅၀၀၀)နှင့် အဝတ်အထည်နှင့် စားသောက်ဖွယ်ရာများကိုလည်းကောင်း၊ စဉ့်ကိုင်မြို့နယ်၌ အသက် (၈၅)နှစ်နှင့်အထက် အသက်ကြီးဘိုးဘွား (၅၁)တို့အား တစ်ဦးလျှင်( ၂၇၀၀ဝိ/-)ကျပ်ဖြင့် စုစုပေါင်း (၁၃၇၇၀၀ဝိ/-) ကျပ် ကိုလည်းကောင်း၊ မြစ်သားမြို့နယ်၌ ထို့နောက်အသက်(၈၅)နှစ်အထက် အဘိုး၊အဘွားများအား ပစ္စည်းနှင့်အလှူ‌ငွေများကိုလည်းကောင်း၊ စဉ့်ကူးမြို့၌ အသက်(၈၅)နှစ်နှင့်အထက် အဘိုးအဘွား(၅၁)ဦးတို့အား အလှူငွေနှင့်ပစ္စည်း စုစုပေါင်းတန်ဖိုး (၁၈၇၂၀၀၀)ကျပ်ကိုလည်းကောင်း အသီးသီးပေးအပ်လှူဒါန်းခဲ့ကြသည်။

ဇီဝိတဒါနအဖြစ် ငါးလွှတ်ပွဲများကို မိတ္ထီလာမြို့၌ မိတ္ထီလာကန် အတွင်းသို့ ငါးကောင်ရေ(၅၀၀၀၀)ကျော်ကိုလည်းကောင်း၊ မြစ်သားမြို့နယ်၌ စမာရေလွှဲဆည်အတွင်းသို့ ရွှေဝါငါးကြင်း ငါးသားပေါက် အကောင်ရေ (၅၀၀၀၀)သောင်းကိုလည်းကောင်း၊ ပြင်ဦးလွင်မြို့နယ်၌ ကန်တော်လေးကန်အတွင်းသို့ ရွှေဝါငါးကြင်း နှင့် ငါးခုံးမကြီးကောင်ရေ ၆၀၀၀၀ ကိုလည်းကောင်း ငါးသားပေါက်များ လွှတ်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ သက်ကြီးဘိုးဘွား ပူဇော်ပွဲများနှင့် ဇီဝိတဒါန ငါးလွှတ်ပွဲများတွင် ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေး ဥက္ကဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ အကြီးအကဲများနှင့် ဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ပြည်သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ပြန်/ဆက်