ရှမ်း ဧပြီ ၁၇
ရှမ်းပြည်နယ်အတွင်းရှိ မြို့နယ်များတွင် မြန်မာနှစ်ဆန်း(၁)ရက်နေ့၌ မြန်မာ့ရိုးရာယဉ်ကျေးမှုနှင့်အညီ သက်ကြီးဘိုးဘွားပူဇော်ပွဲများနှင့် ဇီဝိတဒါန ငါးလွှတ်ပွဲများကို ကျင်းပခဲ့ကြကြောင်း သိရသည်။
သက်ကြီးဘိုးဘွားပူဇော်ကန်တော့ပွဲများကို မောက်မယ်မြို့နယ်၌ အသက် (၈၅) နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများ(၂၂)ဦးအား လှူဖွယ်ဝတ္ထုပစ္စည်းများကိုလည်းကောင်း၊ ခိုလမ်မြို့၌ ကန်တော့ခံ သက်ကြီးဘိုးဘွားများအား ဗိုလ်ချူပ်မျိူးမင်းထွန်းနှင့် ဇနီး ဒေါ်ချိူနွယ်ဦး မိသားစုနှင့် အရာရှိစစ်သည်မိသားစုများမှ လှူဒါန်းငွေ (၂၆၄၀၀၀၀)ကျပ်၊ ခိုလမ်မြို့အုပ်ချုပ်ရေးမှူးဥက္ကဋ္ဌ ဦးအောင်ကျော်မြင့်၊ မြို့အဆင့်ဌာနဆိုင်ရာအကြီးအကဲများနှင့် အလှူရှင်များမှ လှူဒါန်းငွေ (၂၆၄၀၀၀၀) ကျပ်၊ ပစ္စည်းတန်ဖိုးငွေ (၅၃၄၆၀၀၀) ကျပ်ကိုလည်းကောင်း၊ မိုးနဲမြို့နယ်၌ သက်ကြီးဘိုးဘွားများအား လှူဖွယ်ကန်တော့ပစ္စည်းများကိုလည်းကောင်း၊ မိုင်းယုမြို့၌ သက်ကြီးဘိုးဘွားများအား ကန်တော့အလှူငွေများကိုလည်းကောင်း၊ ကျောက်မဲမြို့နယ်၌ အသက် ၈၅ နှစ်အထက် အဘိုးဘွားပေါင်း ၂၂၄ တို့ဦးအား ကန်တော့အလှူငွေများနှင့် ပစ္စည်းများကိုလည်းကောင်း၊ မက်မန်းမြို့နယ်၌ သက်ကြီးဘိုးဘွား (၂၄) ဦးအား ကန်တော့အလှူငွေများနှင့် ပစ္စည်းများကိုလည်းကောင်း၊ ဟိုပုံးမြို့နယ်၌ သက်ကြီးဘိုးဘွား(၁၄၄)ဦးအား ကန်တော့အလှူငွေများကိုလည်းကောင်း၊ မိုင်းယောင်းမြို့၌ အသက် ၈၅ နှစ်နှင့်အထက် သက်ကြီးဘိုးဘွားတို့အား အလှူငွေများ၊ လှူဖွယ်ပစ္စည်းများကိုလည်းကောင်း၊ မိုင်းရှူးမြို့၌ အသက် (၈၀) နှစ်အထက်အဘိုးအဘွား (၅၀) ဦးအား တစ်ဦးလျှင် ကျပ်နှစ်သောင်းစီနှင့် ဆေးဝါးများကိုလည်းကောင်း၊ မိုင်းခုတ်မြို့၌ အသက် (၇၀) နှစ်အထက်ရှိ သက်ကြီးဘိုးဘွား (၄၅) ဦးအား တစ်ဦးလျှင် (၃၀၀၀ဝိ) ကျပ်နှုန်းဖြင့် စုစုပေါင်းလှူဒါန်းတန်ဖိုး (၁၃၅၂၀၀ဝိ) ကျပ်ကိုလည်းကောင်း ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
ဇီဝိတဒါနအဖြစ် ငါးလွှတ်ပွဲကို မိုင်းယောင်းမြို့၌ နမ့်ခတ်ချောင်းအတွင်းသို့ ငါးရံ့ကောင်ရေ ၉၀၀၊ ငါးခူကောင်ရေ ၁၀၀ တို့ကိုလည်းကောင်း၊ တာချီလိတ်မြို့၌ မယ်ဟုတ်ချောင်းအတွင်းသို့ ငါးကြင်းအပါအဝင် ငါးမျိုးစုံ ကောင်ရေ(၂၀၀၀)ကိုလည်းကောင်း လွှတ်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ သက်ကြီးဘိုးဘွား ပူဇော်ပွဲများနှင့် ဇီဝိတဒါန ငါးလွှတ်ပွဲများတွင် ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ အကြီးအကဲများနှင့် ဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ပြည်သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ပြန်/ဆက်