ကျွန်းလှ ဧပြီ ၁၇
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် သက်ကြီးဘိုးဘွားပူဇော်ကန်တော့ပွဲကို ယနေ့နံနက် ၇ နာရီခွဲက မြို့နယ်စုပေါင်းရုံးခန်းမ၌ ကျင်းပကြောင်း သိရသည်။
ရှေးဦးစွာ သက်ကြီးဘိုးဘွားများအား ဩကာသကန်တော့ချိုးဖြင့် ကန်တော့ကြပြီး အဘိုးအဘွား (၂၀)ဦးအား တစ်ဦးလျှင် ငွေကျပ် (၃၀၀၀၀) ပူဇော်ကန်တော့ကြရာ အဘိုးတစ်ဦးက ဆုတောင်းမေတ္တာစကား ပြောကြားခဲ့ကြောင်း သိရသည်။
ထို့အပြင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် မြို့ပေါ်ရပ်ကွက်အသီးသီးတို့တွင် အန္တရာယ်ကင်းပရိတ်တရားတော် ရွတ်ဖတ်ပူဇော်ပွဲများ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
မျိုးဝင်းညို