သတင်းများ

ရွှေတောင်မြို့နယ်တွင် အငြိမ်းစားဝန်ထမ်းများအား ပင်စင်လစာငွေထုတ်ပေး
Apr 22,2024
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် မြန်မာ့စီးပွားရေးဘဏ်၌ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများကို ယနေ့နံနက် ၉ နာရီက စတင်ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
ဝါးခယ်မမြို့နယ်တွင် နယူးဧရာစပ်မျိုးစပါး စံကွက်ရိတ်သိမ်းခြင်းဆောင်ရွက်
Apr 22,2024
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ် ဦးကြီးတော်‌ကျေးရွာတွင် ယမန်နေ့နံနက် ၇ နာရီခွဲ အချိန်က နယူးဧရာစပ်မျိုးစပါး စံကွက်ရိတ်သိမ်းခဲ့ကြောင်း သိရသည်။
သဲကုန်းမြို့နယ် မြန်မာ့စီးပွားရေးဘဏ်မှ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ပင်စင်လစာငွေများ ထုတ်ပေးလျက်ရှိ
Apr 22,2024
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် ​အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ပင်စင်လစာငွေများကို ယ​နေ့နံနက်ပိုင်းမှ စတင်ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
တောင်ငူခရိုင်လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ အခြေခံအင်္ဂလိပ်စာသင်တန်း အခမဲ့ဖွင့်လှစ်
Apr 22,2024
နွေရာသီကျောင်းပိတ်ရက်ကာလအတွင်း၊ ကျောင်းသားကျောင်းသူလူငယ်များ အချိန်ကို အကျိုးရှိစွာ အသုံးချနိုင်ရန်နှင့် အသိပညာအတတ်ပညာများ ဖွံ့ဖြိုးတိုးတက်လာစေရန်ရည်ရွယ်၍ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ အခြေခံအင်္ဂလိပ်စာသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် (၁၀)နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။
မအူပင်မြို့တွင် မီးလောင်ကျွမ်းမှုဖြစ်ပွား
Apr 22,2024
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့၊ အမှတ်(၆)ရပ်ကွက်၊ ခိုင်သော်တာလမ်း၊ အိမ်အမှတ်(၇၂)တွင် ယမန်နေ့ညနေ (၆)နာရီ(၅)မီးနစ်က မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့သည်။
ထန်းတပင်မြို့နယ်တွင် မျိုးစေ့ချကိရိယာ(Seeder)ဖြင့် စိုက်ပျိုးထားသော နွေစပါးများအားစံကွက်ရိတ်သိမ်း
Apr 22,2024
ရန်ကုန်တိုင်းဒသကြီး၊ ထန်းတပင်မြို့နယ်အတွင်း စပါးအထွက်နှုန်းများ တိုးတက်လာစေရန်အတွက် တောင်သူအသိပညာပေးခြင်းလုပ်ငန်းများကို မြို့နယ်အတွင်း ဆောင်ရွက်လျက်ရှိပြီး ယမန်နေ့က စပါးအထွက်နှုန်းများ တိုးတက်စေရေး တောင်သူအသိပညာပေးခြင်းလုပ်ငန်းများနှင့် စပါးမျိုးစေ့ချကိရိယာ (Seeder) ဖြင့် စိုက်ပျိုးထားရှိသည့် နွေစပါးများအား စံကွက်ရိတ်သိမ်းပွဲကို ရေဖြူကျေးရွာအုပ်စု၊ အုပ်ဖိုကျေးရွာ ကဇောင်းအရှေ့ကွင်း၊ ဦးပိုင်အမှတ်-၁၇၆-Bနှင့် ဦးပိုင်အမှတ် ၂/က တောင်သူ ဒေါ်ကြည်သန်း၏ စိုက်ဧက(၉.၈၈)ဧကဆင်းသုခစံပြစိုက်ခင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
လဲချားတွင် အငြိမ်းစားဝန်ထမ်းများအား ပင်စင်လစာငွေများထုတ်ပေး
Apr 22,2024
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစား ဝန်ထမ်းများ၏ ပင်စင်လစာငွေများကို ယနေ့နံနက် (၉) နာရီအချိန်က စတင်၍ ထုတ်ပေးလျက်ရှိသည်။
ပွင့်ဖြူမြို့နယ် ပေပင်ကျေးရွာရှိ အသက် (၇၅) နှစ်အရွယ် သက်ကြီးဘိုးဘွားအတွက် နေအိမ်ပြုပြင် ဆောက်လုပ်ရန် အလှူငွေလှူဒါန်း
Apr 22,2024
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ကျွဲတံခါးကျေးရွာအုပ်စု၊ ပေပင်ကျေးရွာမှ အသက် (၇၅) နှစ်အရွယ် သက်ကြီးဘိုးဘွားအတွက် စိတ်အေးချမ်းစွာ နေထိုင်နိုင်ရေး နေအိမ်ပြန်လည်ဆောက်လုပ်ရန် အလှူငွေထောက်ပံ့လှူဒါန်းခြင်းကို ယနေ့နံနက်ပိုင်းက ပွင့်ဖြူမြို့နယ် ညောင်ပင်စောက်ကျေးရွာ တစ်ကိုယ်တော်ပရဟိတအကျိုးတော်ဆောင် ဦးကျော်ဆန်းနှင့် ရပ်မိရပ်ဖများက အလှူရှင်ကိုယ်စား သွားရောက် ထောက်ပံ့လှူဒါန်းပေးသည်။