လဲချားတွင် အငြိမ်းစားဝန်ထမ်းများအား ပင်စင်လစာငွေများထုတ်ပေး

လဲချား ဧပြီ ၂၂

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင်  အငြိမ်းစား ဝန်ထမ်းများ၏ ပင်စင်လစာငွေများကို  ယနေ့နံနက် (၉) နာရီအချိန်က စတင်၍ ထုတ်ပေးလျက်ရှိသည်။

ထိုသို့ ပင်စင်လစာငွေများထုတ်ပေးရာတွင် မြန်မာ့စီးပွားရေးဘဏ် မန်နေဂျာ ဒေါ်နန်းချိုထွေးနှင့် ဝန်ထမ်းများမှ  အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများကို ဧပြီလ (၂၂) ရက်နေ့မှ (၃၀)ရက်နေ့ အထိ  နံနက် (၉)နာရီ မှ မွန်းလွဲ (၂)နာရီထိ အငြိမ်းစားဝန်ထမ်းသို့ ထုတ်ပေးသွားမည်ဖြစ်ကြောင်း မြန်မာ့စီးပွားရေးဘဏ်မန်နေဂျာ၏ ပြောကြားချက်အရ သိရသည်။

လဲချား(မြို့နယ်ပြန်/ဆက်)