ပွင့်ဖြူ ဧပြီ ၂၂
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ကျွဲတံခါးကျေးရွာအုပ်စု၊ ပေပင်ကျေးရွာမှ အသက် (၇၅) နှစ်အရွယ် သက်ကြီးဘိုးဘွားအတွက် စိတ်အေးချမ်းစွာ နေထိုင်နိုင်ရေး နေအိမ်ပြန်လည်ဆောက်လုပ်ရန် အလှူငွေထောက်ပံ့လှူဒါန်းခြင်းကို ယနေ့နံနက်ပိုင်းက ပွင့်ဖြူမြို့နယ် ညောင်ပင်စောက်ကျေးရွာ တစ်ကိုယ်တော်ပရဟိတအကျိုးတော်ဆောင် ဦးကျော်ဆန်းနှင့် ရပ်မိရပ်ဖများက အလှူရှင်ကိုယ်စား သွားရောက် ထောက်ပံ့လှူဒါန်းပေးသည်။
ထိုသို့ နေအိမ်အား ပြုပြင်ဆောက်လုပ်ရန်အတွက် အလှူငွေလှူဒါန်းပေးခြင်းကို ပွင့်ဖြူမြို့နယ် ညောင်ပင်စောက်ကျေးရွာ တစ်ကိုယ်တော်ပရဟိတအကျိုးတော်ဆောင် ဦးကျော်ဆန်းက ကျေးရွာ ရပ်မိရပ်ဖများနှင့်အတူ ပေပင်ကျေးရွာမှ အသက် (၇၅) နှစ်အရွယ် အဘွား ဒေါ်ဟံတင်၏ နေအိမ်သို့ သွားရောက်ပြီး အလှူငွေကျပ် (၃၀၀၀၀၀) အား သွားရောက် ထောက်ပံ့လှူဒါန်း ပေးခဲ့ကြောင်း သိရသည်။
ပွင့်ဖြူမြို့နယ် ညောင်ပင်စောက်ကျေးရွာမှ တစ်ကိုယ်တော်ပရဟိတ အကျိုးတော်ဆောင်အဖွဲ့က မြို့နယ်အတွင်းရှိ ဆင်းရဲနွမ်းပါးသော သက်ကြီးဘိုးဘွားများ စိတ်အေးချမ်းမြေ့စွာ နေထိုင်နိုင်ရေးအတွက် ရပ်ဝေးရပ်နီးမှ စေတနာအလှူရှင်များ၏ ထည့်ဝင်လှူဒါန်းငွေဖြင့် ယိုယွင်းပျက်စီးနေသော နေအိမ် များကို ပြန်လည်ပြုပြင် ဆောက်လုပ်လှူဒါန်း ပေးလျက်ရှိရာ ၂၀၁၉ ခုနှစ်မှ ယနေ့အထိ နေအိမ်အလုံးရေ စုစုပေါင်း (၅၉) လုံးခန့် ပြုပြင်ဆောက်လုပ် လှူဒါန်းပေးနိုင်ခဲ့ပြီဖြစ်ကြောင်း သိရသည်။ စေတနာကုသိုလ်ရှင်များအနေဖြင့် ဆင်းရဲနွမ်းပါးသူများနှင့် သက်ကြီးဘိုးဘွားများ၏ နေအိမ်များအတွက် ပြုပြင်ဆောက်လုပ်ရန် ကုသိုလ်ပါဝင်လှူဒါန်းလိုပါက အဆိုပါ တစ်ကိုယ်တော်ပရဟိတ အကျိုးတော်ဆောင် ဦးကျော်ဆန်း၊ ဖုန်း-၀၉၂၅၆၃၁၈၁၆၉ သို့ ဆက်သွယ်လှူဒါန်းနိုင်ကြောင်း သိရသည်။
လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )