တောင်ငူ ဧပြီ ၂၂
နွေရာသီကျောင်းပိတ်ရက်ကာလအတွင်း၊ ကျောင်းသားကျောင်းသူလူငယ်များ အချိန်ကို အကျိုးရှိစွာ အသုံးချနိုင်ရန်နှင့် အသိပညာအတတ်ပညာများ ဖွံ့ဖြိုးတိုးတက်လာစေရန်ရည်ရွယ်၍ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ အခြေခံအင်္ဂလိပ်စာသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် (၁၀)နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ တောင်ငူခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်ဆွေဆွေမိုးက အမှာစကားပြောကြားပြီး Sweet Family ကိုယ်ပိုင်အထက်တန်းကျောင်းမှ သင်တန်းနည်းပြဆရာ ဦးစောဂျရုန်းက သင်တန်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး သင်တန်းအား ဖွင့်လှစ်သင်ကြားသည်။ အဆိုပါသင်တန်းတွင် Sweet Family ကိုယ်ပိုင်အထက်တန်းကျောင်းမှ သင်တန်းနည်းပြဆရာ ဦးစောဂျရုန်းက အခြေခံအင်္ဂလိပ်စာ (Speaking ၊ Grammar ၊ Reading)ဘာသာရပ်များကို ဧပြီ ၂၂ ရက်နေ့မှ ၂၆ ရက်နေ့အထိ အခမဲ့ဖွင့်လှစ်သင်ကြားပေးသွားမည်ပြီး အခြေခံပညာကျောင်းများမှ ကျောင်းသားကျောင်းသူ(၂၀)ဦး တက်ရောက်သင်ကြားလျက်ရှိကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)