ဝါးခယ်မ ဧပြီ ၂၂
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ် ဦးကြီးတော်ကျေးရွာတွင် ယမန်နေ့နံနက် ၇ နာရီခွဲ အချိန်က နယူးဧရာစပ်မျိုးစပါး စံကွက်ရိတ်သိမ်းခဲ့ကြောင်း သိရသည်။
ဝါးခယ်မမြို့နယ်၊ ဦးကြီးတော်ကျေးရွာ တောင်သူဦးနိုင်းနိုင်း၏ ကွင်းအမှတ်(၉၃၉)၊ ဦးပိုင်အမှတ်(၄၄)၊ မြေဧရိယာ(၄.၀)ဧကပေါ်တွင် နယူးဧရာစပ်မျိုးစပါး Seeder ဖြင့် စိုက်ပျိုးထားရှိမှု အခြေအနေအား စံကွက်ရိတ်သိမ်းခဲ့ရာ အစိုအထွက်နှုန်း(၂၂၅)တင်း၊ အခြောက်အထွက်နှုန်း (၁၉၃.၅)တင်းနှုန်း ထွက်ရှိခဲ့ကြောင်း၊ ယင်းစံကွက်ရိတ်သိမ်းရာသို့ မြို့နယ်စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြှင့်မားရေးကော်မတီဥက္ကဋ္ဌ ဦးစွမ်းထက်နှင့် အဖွဲ့ဝင်များ၊ တောင်သူများ၊ အုပ်ချုပ်ရေးမှူးများ တက်ရောက်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
ဟိန်းထက်လင်း(ပြန်/ဆက်)