သတင်းများ

ငါ့သရောက်မြို့ တွင် မြန်မာ့နှစ်သစ်ကူး   အသံမစဲမဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲ ကျင်းပ
Apr 22,2024
မန္တလေးတိုင်း‌ဒေသကြီး၊   ညောင်ဦးခရိုင်၊ ငါ့သရောက်မြို့၊  မြန်မာ့နှစ်ဆန်း ၂  ရက်နေ့က စတင်ပြီး (၃၀) ကြိမ်မြောက်  အသံမစဲ မဟာပ  ဋ္ဌာန်း ရွတ်ဖတ်ပူဇော်ပွဲကို ဆည်ကျေးရွာ ရွာဦးကံစွယ်ကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
အခြေခံစာတက်မြောက်ရေး စာသင်ဝိုင်းသို့ လာရောက်သင်ကြားနေသူများအား T-shirt အင်္ကျီများ ထောက်ပံ့ပေးအပ်
Apr 22,2024
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၊ အူကျွန်းကျေးရွာ အ-ထ-က(ခွဲ) အူကျွန်း‌ကျောင်း၌ ဖွင့်လှစ်သင်ကြားနေသော အခြေခံစာတက်မြောက်ရေး သင်တန်းသားများ၊ နည်းပြဆရာ၊ ဆရာမများနှင့် ကြီးကြပ်များအား ယမန်နေ့နံနက် ၈ နာရီအချိန်က Tshirt အင်္ကျီများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
မဟာဂန္ဓာရုံ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း၌ နွေရာသီ ယဥ်ကျေးလိမ္မာသင်တန်းနှင့် အကျိုးပြုသင်တန်းများ စတင်ဖွင့်လှစ်
Apr 22,2024
မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့ရှိ မဟာဂန္ဓာရုံဘုန်းတော်ကြီးသင်ပညာရေးကျောင်း၌ ယနေ့နံနက် ၈ နာရီအချိန်က နွေရာသီ ယဥ်ကျေးလိမ္မာသင်တန်းနှင့်ကျောင်းသား၊ ကျောင်းသူများ၏ အကျိုးပြုသင်တန်းများဖွင့်ပွဲကို ကျင်းပခဲ့သည်။
ကျွန်းစုမြို့တွင် ရေကြောင်းလူငယ် အခြေခံနှင့်တန်းမြင့်သင်တန်း ဖွင့်ပွဲအခမ်းအနားကျင်းပ
Apr 22,2024
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူ မျိုးဆက်သစ်လူငယ် မောင်မယ်များကို နွေရာသီကျောင်း ပိတ်ရက်ကာလအတွင်း အသိပညာဖွံ့ဖြိုးတိုးတက်စေရန်၊ အားလပ်ရက်များ အကျိုးရှိစေရန်၊ မိမိဝါသနာပါသည့် ပညာရပ်များကို လေ့လာဆည်းပူးနိုင်စေရန်နှင့် နိုင်ငံတော်အတွက် ရေကြောင်းပညာ ကျွမ်းကျင်သော အနာဂတ်မျိုးဆက်သစ်လူငယ်များ ပေါ်ထွန်းလာစေရန်ရည်ရွယ်၍ တနင်္သာရီရေတပ်စခန်းဌာနချုပ်၊ တပ်မတော်(ရေ)က ရေကြောင်းလူငယ်အခြေခံနှင့် တန်းမြင့်သင်တန်း အမှတ်စဉ်(၁/၂၀၂၄) ကို ရက်သတ္တပတ် (၄) ပတ်ကြာ လေ့ကျင့်သင်ကြားပေးမည်ဖြစ်ရာ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက တနင်္သာရီ ရေတပ်စခန်းဌာနချုပ်၊ တနင်္သာရီခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ကျောက်ဆည်မြို့နယ် လယ်ကြီးကျေးရွာတွင် ဘောင်ကြီးတင်စနစ်နှင့် နွေနှမ်းစိုက်ပျိုး
Apr 22,2024
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် စားသုံးဆီဖူလုံပိုလျှံရေး နှမ်းသီးနှံများကို နွေ၊ မိုး၊ ဆောင်းရာသီများတွင် ရာသီမပြတ်ပြောင်းလဲ၍ ဒေသအလိုက် စိုက်နည်းစနစ် အမျိုးမျိုးဖြင့် စိုက်ပျိုးလျက်ရှိရာ လယ်ကြီးကျေးရွာ ကွင်းအမှတ် (၂၇၂) တောင်သူဦးကျော်မြင့်၏ စိုက်ပျိုးမြေ (၂)ဧကတွင် ဘောင်ကြီးတင်စနစ်ဖြင့် နွေနှမ်းများ စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။
ကျိုက်မရောမြို့နယ်၌ သောက်သုံးရေရှားပါးသည့် မြို့ပေါ်ရပ်ကွက်များသို့ ပရဟိတအဖွဲ့များမှ အခမဲ့ဖြန့်ဝေပေး
Apr 22,2024
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်အတွင်း၌ ပူပြင်းခြောက်သွေ့သော နွေရာသီရောက်လာပြီဖြစ်၍ သောက်သုံးရေပြတ်လပ်မှု မရှိစေရေးအတွက်ရေ အခက်အခဲရှိသော ပြည်သူများအား ကျိုက်မရောလူငယ်ပရဟိတအဖွဲ့များမှ ရေသယ်ယာဥ်များဖြင့် လိုက်လံလှူဒါန်းပေးလျက်ရှိသည်။
ရှမ်းရွာသစ်မြို့တွင် လူကုန်ကူးမှုအန္တရာယ်တားဆီးကာကွယ်ရေးအသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသ
Apr 22,2024
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင်  ဒေသနေပြည်သူများအနေဖြင့် အလွယ်တကူဖတ်ရှုနိုင်ပြီး အသိပညာဗဟုသုတရရှိစေရန်ရည်ရွယ်၍ အသိပညာပေးနံရံကပ်စာစောင်များကို လစဉ်ပြသဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်(၉)နာရီအချိန်က လူကုန်ကူးမှုအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေး ဟောပြောပွဲနှင့်နံရံကပ်စာစောင်ပြသခြင်းလုပ်ငန်းကို လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ဆောင်ရွက်ခဲ့ကြောင်း  သိရသည်။
နတ်တလင်းမြို့နယ်၌ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများ အားအခမဲ့ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေး
Apr 22,2024
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်တွင် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာတက်ကြွသောလူကြီးဘဝရရှိစေရေး အခမဲ့ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးခြင်းကို လစဥ်ဆောင်ရွက်လျက်ရှိရာ နတ်တလင်းမြို့နယ် မြန်မာ့စီးပွားရေးဘဏ်၌ ယနေ့နံနက် ၉ နာရီက ပြုလုပ်ခဲ့သည်။