မအူပင် ဧပြီ ၂၂
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့၊ အမှတ်(၆)ရပ်ကွက်၊ ခိုင်သော်တာလမ်း၊ အိမ်အမှတ်(၇၂)တွင် ယမန်နေ့ညနေ (၆)နာရီ(၅)မီးနစ်က မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့သည်။
မီးလောင်ကျွမ်းရာနေရာသို့ ခေတ္တမြို့နယ်စီမံအုပ်ချုက်ရေးအဖွဲ့ဥက္ကဋ္ဌ ဗိုလ်မှူးသက်ဇော်ထွန်း၊ ခေတ္တမြို့နယ် အုပ်ချုပ်ရေးမှူးဦးဇင်ဝိုင်းသက်ဦး၊ မြို့နယ်မီးသတ်ဦးစီးမှူးဦးဇော်မျိုးဌေးနှင့် တာဝန်ရှိသူများမှ မီးသတ်ယာဉ်(၂)စီး၊ မီးငြိမ်းသတ်ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်(၃၀)ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင်(၃၀)ဦးတို့ဖြင့် သွားရောက်မီးငြိမ်းသတ်ခဲ့ရာ (၆)နာရီ(၁၀)မီးနစ်တွင် မီးထိန်းနိုင်ခဲ့ပြီး၊ (၆)နာရီ(၁၅)မီးနစ်တွင် မီးငြိမ်းသတ်နိုင်ခဲ့သည်။
အဆိုပါမီးလောင်ကျွမ်းမှုမှာ နေအိမ်ရှိမီးအားမြှင့်စက်အပူလွန်ကဲ၍ မီးလောင်မှုဖြစ်ပွားခဲ့ပြီး ကျား(၁)ဦး၊ မ(၁)ဦး၊ စုစုပေါင်း(၂)ဦးနေထိုင်သည့် အလျား(၃၀)ပေ၊ အနံ(၁၆)ပေ (သွပ်မိုး၊ ကျောက်ပြားကာ၊ ပျဉ်ခင်း)နေအိမ်တစ်လုံး ပျက်စီးဆုံးရှုံးခဲ့ရပြီး လူ၊ တိရိစ္ဆာန် ထိခိုက်သေဆုံးမှုမရှိကြောင်း သိရသည်။
အောင်မြင့်မြတ်(ပြန်/ဆက်)