အမရပူရ ဧပြီ ၂၂
မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့ရှိ မဟာဂန္ဓာရုံဘုန်းတော်ကြီးသင်ပညာရေးကျောင်း၌ ယနေ့နံနက် ၈ နာရီအချိန်က နွေရာသီ ယဥ်ကျေးလိမ္မာသင်တန်းနှင့်ကျောင်းသား၊ ကျောင်းသူများ၏ အကျိုးပြုသင်တန်းများဖွင့်ပွဲကို ကျင်းပခဲ့သည်။
အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆိုဖွင့်လှစ်ခဲ့ပြီး ကျောင်းအုပ်ဆရာနော် ဦးတေဇဝန္တက ဖွင့်အမှာစကားပြောကြားခဲ့သည်။ ထို့နောက် တရုတ်စကားပြောအခြေခံသင်ကြားပေးမည့် ဆရာမ ဒေါ်ဆန်းဆန်းဝင်းက မိတ်ဆက်စကားပြောကြားပြီး ပေါင်မုန့်များဝေငှပေးခဲ့သည်။ ဆက်လက်ပြီးကျောင်းဆရာကြီးဦးစိန်မောင်သန်းက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။
ယနေ့ဖွင့်လှစ်သည့် သင်တန်းများမှာ ယဥ်ကျေးလိမ္မာ၊မြန်မာစာ၊အဘိဓမ္မာသင်တန်း၊ စာရင်းကိုင်ပညာ L.C.C.I Level 1”2၊ အင်္ဂလိပ်စကားပြော၊ ဂျပန်စကားပြော၊ တရုတ်စကားပြော၊ ဂီတ၊ ပန်းချီ၊ စက်ချုပ်နှင့် မြန်မာ့သိုင်းစသည့်သင်တန်းများကို ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်သည်။ သင်တန်းသားတိုင်း မဖြစ်မနေနံနက်ခင်းတိုင်း ယဥ်ကျေးလိမ္မာသင်တန်း တက်ရောက်ပြီးမှ ဝါသနာပါရာ သင်တန်းတစ်ခုခုကို သင်ကြားနိုင်ကြောင်း သိရသည်။ လာရောက်စာရင်းပေးထား သူသင်တန်းသား ၁၅၀ ဦးကျော်ရှိကြောင်းသိရသည်။
စိုးသီဟ(အမရ)