သတင်းများ

ကျောက်ပန်းတောင်းမြို့နယ်တွင် မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းများနှင့်ပတ်သက်၍  သက်ဆိုင်သူ အားလုံးပါဝင်သည့် လုပ်ငန်း ဆိုင်ရာသုံးသပ်ဆွေးနွေးပွဲပြုလုပ်
Apr 23,2024
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းများနှင့်ပတ်သက်၍ သက်ဆိုင်သူအားလုံးပါဝင်သည့် လုပ်ငန်းဆိုင်ရာ သုံးသပ်ဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီခွဲက မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းတွင် ပြုလုပ်ခဲ့ကြောင်းသိရသည်။
ချောက်မြို့မ​စျေး၌ ပလတ်စတစ်​လျှော့ချ​ရေး ကွင်းဆင်းစစ်​ဆေး​ဆောင်ရွက်
Apr 23,2024
မ​ကွေးတိုင်း​ဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့မစျေး၌ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ပြည်သူများ ပလတ်စတစ်အိတ် လျော့နည်းသုံးစွဲစေရန် ရည်ရွယ်၍ အပတ်စဉ် တနင်္လာနေ့တိုင်း ပလတ်စတစ်အိတ်၊ ကြွပ်ကြွပ်အိတ်များ မသုံးစွဲရေးနေ့သတ်မှတ်ပြီး အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက် ၉ နာရီက ချောက်မြို့မ​စျေးတွင်ပလပ်စတစ်အိတ်ဖြင့် ထုပ်ပိုးရောင်းချခြင်းမရှိစေရန်အတွက် စစ်ဆေးခြင်းနှင့် ပလတ်စတစ်အိတ်အစား အင်ဖက်၊ ငှက်​ပျောဖက်၊ သတင်းစာစက္ကူတို့ဖြင့် အစားထိုးထုတ်ပိုးသုံးစွဲ​စေ​ရေး အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
မိတ္ထီလာမြို့နယ်တွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် စိုက်ပျိုးသည့် နွေစပါးများ အောင်မြင်ဖြစ်ထွန်း
Apr 23,2024
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ခုနှစ်တွင် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် စိုက်ပျိုးသည့် နွေစပါးများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ဝမ်းတွင်းမြို့နယ်၌ နွေစပါးစိုက်ပျိုးရေးအတွက်“သွင်းအားစု”များ ထုတ်ပေးခြင်းအခမ်းအနား ပြုလုပ်
Apr 23,2024
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင် ဝမ်းတွင်းမြို့နယ်၌ နွေစပါးစိုက်ပျိုးရေးအတွက် “သွင်းအားစု”များ ထုတ်ပေးခြင်း အခမ်းအနားကို ဧပြီလ(၁၂)ရက်နေ့က အင်းခမ်းကြီးကျေးရွာတွင် ပြုလုပ်ခဲ့သည်။
နောင်ချိုမြို့ မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစားဝန်ထမ်းများအား ပင်စင်လစာငွေများ စတင်ထုတ်ပေး
Apr 23,2024
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစားဝန်ထမ်းများ၏ အောက်တိုဘာလ ပင်စင်လစာငွေများကို ယမန်နေ့ နံနက် (၈) နာရီအချိန်မှ စတင် ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
မဟာအောင်မြေမြို့နယ်၌ အရန်မီးသတ်တပ်ဖွဲ့ဝင်များအနေဖြင့် (၇၈)နှစ်မြောက် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နေ့အထိမ်းအမှတ် လေ့ကျင့်ရေးပြိုင်ပွဲများကျင်းပပေးသွားမည်
Apr 23,2024
မန္တလေးတိုင်းဒေသကြီး၊ မန္တလေးခရိုင်၊ မဟာအောင်မြေမြို့နယ် အရန်မီးသတ်တပ်ဖွဲ့ဝင်များအနေဖြင့် (၇၈)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့အထိမ်းအမှတ်အဖြစ် လက်နက်မဲ့ စစ်ရေးပြ(၆)ယောက်တွဲနှင့် အပေါ့စားမီးသတ်စက် ကလေးလေ့ကျင့်ခန်း(၅)ယောက်တွဲများအား ပြိုင်ပွဲဝင်နိုင်ရန်လေ့ကျင့် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ကွန်ဟိန်းမြို့၌ အငြိမ်းစားဝန်ထမ်း ပင်စင်လစာငွေများ ထုတ်ပေး
Apr 23,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)ကွန်ဟိန်းမြို့၊ မြန်မာ့စီးပွားရေးဘဏ်၌ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများကို ယမန်နေ့နံနက် (၈:၃၀)နာရီအချိန်ခန့်က စတင်၍ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။