အခြေခံစာတက်မြောက်ရေး စာသင်ဝိုင်းသို့ လာရောက်သင်ကြားနေသူများအား T-shirt အင်္ကျီများ ထောက်ပံ့ပေးအပ်

ဝါးခယ်မ ဧပြီ ၂၂

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၊ အူကျွန်းကျေးရွာ အ-ထ-က(ခွဲ) အူကျွန်း‌ကျောင်း၌ ဖွင့်လှစ်သင်ကြားနေသော အခြေခံစာတက်မြောက်ရေး သင်တန်းသားများ၊ နည်းပြဆရာ၊ ဆရာမများနှင့် ကြီးကြပ်များအား ယမန်နေ့နံနက် ၈ နာရီအချိန်က Tshirt အင်္ကျီများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ထိုသို့ထောက်ပံ့ပေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစွမ်းထက်နှင့်အဖွဲ့ဝင်များက ဝါးခယ်မမြို့နယ်၊ အူကျွန်းကျေးရွာ အ-ထ-က အူကျွန်းကျောင်းတွင် ဖွင့်လှစ်သင်ကြားနေသော အူကျွန်း‌ကျေးရွာနှင့် ကံကွင်းကျေးရွာတို့မှ အခြေခံစာတက်မြောက်ရေးသင်တန်းသားများ၊ နည်းပြဆရာ၊ ဆရာမများနှင့် ကြီးကြပ်များအတွက် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ထောက်ပံ့သော Tshirt အင်္ကျီများ ထောက်ပံ့ပေးအပ်ခဲ့ပြီး စာသင်ကြားနေမှုအား ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

ဟိန်းထက်လင်း(ပြန်/ဆက်)