ကျိုက်မရောမြို့နယ်၌ သောက်သုံးရေရှားပါးသည့် မြို့ပေါ်ရပ်ကွက်များသို့ ပရဟိတအဖွဲ့များမှ အခမဲ့ဖြန့်ဝေပေး

ကျိုက်မရော ဧပြီ ၂၂

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်အတွင်း၌ ပူပြင်းခြောက်သွေ့သော နွေရာသီရောက်လာပြီဖြစ်၍ သောက်သုံးရေပြတ်လပ်မှု မရှိစေရေးအတွက်ရေ အခက်အခဲရှိသော ပြည်သူများအား ကျိုက်မရောလူငယ်ပရဟိတအဖွဲ့များမှ ရေသယ်ယာဥ်များဖြင့် လိုက်လံလှူဒါန်းပေးလျက်ရှိသည်။

ထိုသို့သောက်ရေများ လှူဒါန်းရာတွင် ရေတွင်းများ၊ ရေလှောင်ကန်များ စတင်ခမ်းခြောက်လျက်ရှိသော ရှင်စောပုရပ် ကွက်ကမ်းနားလမ်းနှင့် ထုံးဖိုလမ်းရှိ နေအိမ်များသို့ ရေဂါလံ ၁၂၀၀ ခန့်ကို အိမ်တိုင်ရာရောက် အခမဲဖြန့်ဝေပေးပြီး အခြားသောရေအခက်ခဲဖြစ်နေသည့် ပြည်သူများကိုလည်း ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မိချို (ပြန်/ဆက်)