ဝမ်းတွင်းမြို့နယ်၌  လျှပ်စစ်အန္တရာယ် ကင်းရှင်းရေး အသိပညာပေးဟောပြော

ဝမ်းတွင်း မေ ၁၈

မန္တလေးတိုင်းဒေသကြီး ဝမ်းတွင်းမြို့နယ်၌  လျှပ်စစ်အန္တရာယ်ကင်းရှင်းရေး အသိပညာပေးဟောပြောပွဲကို မေ ၁၇ ရက် နံနက်က ဘုရားစုကျေးရွာတွင် ကျင်းပသည်။

ဟောပြောပွဲတွင် မြို့နယ်လျှပ်စစ်မန်နေဂျာရုံးမှ မြို့နယ်လျှပ်စစ်မန်နေဂျာ ဦးအောင်မျိုးချစ်အေးနှင့် ဒုတိယမြို့နယ်လျှပ်စစ်မန်နေဂျာ ဦးသိန်းထူးတို့က လျှပ်စစ်အန္တရာယ်ကင်းရှင်းရေး လိုက်နာဆောင်ရွက်ရမည့်အချက်များအား ရှင်းလင်းဆွေးနွေးပြောကြားသည်။ ၎င်းနောက်မြို့နယ်လျှပ်စစ်မန်နေဂျာ၊ ဒုတိယမြို့နယ်လျှပ်စစ်မန်နေဂျာနှင့်ဝန်ထမ်းများက ဘုရားစုကျေးရွာမှ ဒေသခံပြည်သူများအား လျှပ်စစ်အန္တရာယ်ကင်းရှင်းရေး သတိပြုရမည့်အချက်များပါဝင်သော အသိပညာပေးလက်ကမ်းစာစောင်များနှင့် Online မှ မီတာဘေလ်ပေးဆောင်ပုံအဆင့်ဆင့် လက်ကမ်းစာစောင်များအား ဖြန့်ဝေခဲ့ကြကြောင်း သိရသည်။ 

မြို့နယ်ပြန်/ဆက်