သတင်းများ

ကျောက်ဆည်မြို့နယ်တိုင်းရင်းဆေးကုဌာနမှ ကျန်းမာရေးအသိပညာပေး၊ ဆေးကုသ 
May 18,2026
မန္တလေးတိုင်းဒေကြီး ကျောက်ဆည်ခရိုင်နှင့် မြို့နယ်တိုင်းရင်းဆေးကုဌာနတို့ ပူးပေါင်း၍ ယမန်နေ့ နံနက်ပိုင်းက ကျောက်ဆည်မြို့နယ် တံစိုးကျေးရွာနေ ပြည်သူများနှင့်တွေ့ဆုံကာ ကျန်းမာရေးအသိပညာပေးဟောပြောခြင်းနှင့် ဆေးဝါးကုသပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
လူမှုရေးရာဝန်ကြီး ဦးစောထွန်းအောင် အသက်(၁၈)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် အသင်းအုပ်ချုပ်သူနှင့် နည်းပြများအား တွေ့ဆုံအားပေးစကား ပြောကြား
May 18,2026
၂၀၂၆ ခုနှစ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ် အသက်(၁၈)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ အုပ်စု(က)ဘားအံဇုန်ပွဲစဉ်တွင် ဝင်ရောက်ယှဉ်ပြိုင်ကစားကြမည့် တိုင်းဒေသကြီးနှင့် ပြည်နယ်ကိုယ်စားပြုဘောလုံးအသင်းများမှ အုပ်ချုပ်သူ၊ နည်းပြများနှင့် တာဝန်ရှိသူများအား ကရင်ပြည်နယ်အစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးစောထွန်းအောင်က မေလ ၁၇ ရက်နေ့ နံနက်ပိုင်းက ဘားအံမြို့ ဇွဲကပင်အားကစားကွင်းရှိ အစည်းအဝေးခန်းမ၌ တွေ့ဆုံအားပေး အမှာစကား ပြောကြားသည်။
အနာဂတ်ပညာရေးလမ်းစကောင်းများ ဖော်ဆောင်နိုင်ရေး ICT နည်းပညာဆွေးနွေးပွဲကျင်းပ
May 18,2026
ကလေးငယ်များ မူလတန်းကြိုအရွယ်မှစ၍ တက္ကသိုလ်ပညာရေးအထိ ပညာသင်ကြားရေးကဏ္ဍတွင် အထောက်အကူဖြစ်စေရန်ရည်ရွယ်၍ အနာဂတ်ပညာရေးလမ်းစကောင်းများ ဖော်ဆောင်နိုင်ရေး အသိပညာပေး ICT နည်းပညာဆွေးနွေးပွဲကို ယနေ့ နံနက် ၉ နာရီက ပြည်မြို့၊ ဂင်္ဂါဝတီခန်းမ၌  ကျင်းပပြုလုပ်ခဲ့သည်။
တနင်္သာရီမြို့နယ်၌ မီးသတ်ဦးစီးဌာနမှ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့်ပူးပေါင်း၍ မီးဘေးလုံခြုံရေး စစ်ဆေးဆောင်ရွက်
May 18,2026
တနင်္သာရီတိုင်း‌ဒေသကြီး၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့တွင် ယနေ့နံနက်ပိုင်းက တနင်္သာရီမြို့နယ် မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဇင်ဦးချိုနှင့် တပ်ဖွဲ့ဝင်များက မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် ပူးပေါင်းကာ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးအတွက် မီးဘေးလုံခြုံရေးစစ်ဆေးခြင်း လုပ်ငန်းများကို ဆောင်ရွက်သည်။
ပုသိမ်ကြီးမြို့နယ်ရှိ ဌာနဆိုင်ရာရုံးများအား မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး စစ်ဆေးခြင်းများ ဆောင်ရွက်
May 18,2026
မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊ ပုသိမ်ကြီးမြို့နယ်၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာရုံးများ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး စစ်ဆေးဆောင်ရွက်ခြင်းကို ယနေ့ နံနက် ၉ နာရီခွဲမှ စတင်ကာ အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာန (ရုံးချုပ်)၊ တိုင်းဒေသကြီး သစ်တောဦးစီးဌာန၊ မြို့နယ်သစ်တောဦးစီးဌာနတို့သို့ မီးသတ်တပ်ဖွဲ့ဝင်များ ကွင်းဆင်းစစ်ဆေးကြသည်။
တံတားဦးမြို့ ရေစီးရေလာကောင်းမွန်စေရေအတွက် ရေနုတ်မြောင်းများ သန့်ရှင်းရေးဆောင်ရွက်
May 18,2026
မန္တလေးတိုင်းဒေသကြီး တံတားဦးခရိုင် တံတားဦးမြို့ သန့်ရှင်းသာယာလှပရေးအတွက် မြို့ပေါ်ရပ်ကွက်များတွင် ရေစီးရေလာကောင်းမွန်ရေးအတွက် အစိုးရသစ်လက်ထက် ရက် (၁၀၀) စီမံချက်ဖြင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ရေနုတ်မြောင်းများ ပြန်လည်တူးဖော်ပေးကြောင်း သိရသည်။
စဉ့်ကိုင်မြို့နယ်၌ အခွန်ပညာပေးဆွေးနွေးပွဲကျင်းပ
May 18,2026
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် စဉ့်ကိုင်မြို့နယ်၌ အခွန်ထမ်းလုပ်ငန်းရှင်များအား ၂၀၂၆- ခုနှစ်၊ပြည်ထောင်စု၏ အခွန်ကောက်ဥပဒေဆိုင်ရာအသိပညာပေး ဆွေးနွေးပွဲကို ယနေ့ နံနက် ၁၀ နာရီက မြို့နယ်အခွန်ဦးစီးဌာနမှူးရုံးတွင် ကျင်းပသည်။
မိတ္ထီလာမြို့ စက်မှုလယ်ယာဗဟိုသင်တန်းကျောင်း၌ လယ်ယာသုံးစက်ကိရိယာမောင်းနှင်ထိန်းသိမ်းမှု(အထူးသင်တန်း)ဖွင့်
May 18,2026
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့ စက်မှုလယ်ယာဗဟိုသင်တန်းကျောင်းတွင် နိုင်ငံတော်အစိုးရ သစ်၏ ရက်(၁ဝဝ) စီမံချက်လုပ်ငန်းများတွင်ပါဝင်သည့် အမှတ်စဉ်(၁/၂ဝ၂၆) လယ်ယာသုံးစက်ကိရိယာ မောင်းနှင်ထိန်းသိမ်းမှု(အထူးသင်တန်း)ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉နာရီအချိန်က အဆိုပါသင်တန်း ကျောင်းခန်းမတွင် ကျင်းပသည်။