ဘားအံမြို့နယ်၌ မျိုးစေ့ချစက်ကိရိယာ (Seeder) ဖြင့် စိုက်ပျိုးနေမှုအား ကွင်းဆင်းကြည့်ရှု
Aug 23,2025
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ ကော့တရုတ်လှကျေးရွာတွင် တက်သစ်စစိုက်ပျိုးရေးနှင့် အထွေထွေလုပ်ငန်းသမဝါယမအသင်းက အသင်းအချင်းချင်းပံ့ပိုးငွေဖြင့် မိုးစပါးစိုက်ပျိုးရေး စီမံကိန်းတွင် စိုက်ပျိုးလျက်ရှိသည့် မျိုးစေ့ချစက်ကိရိယာ (Seeder) ဖြင့် စိုက်ပျိုးနေမှုကို ကရင်ပြည်နယ်၊ သမဝါယမဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်အေးပွင့်နှင့် တာဝန်ရှိသူများက ယမန်နေ့က ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။