ထန်းတပင်မြို့နယ် လူထုအခြေပြုဗဟိုဌာန၌ အမွေခံတစ်ယောက် အမွေပေးသူတစ်ရာ စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပ

ထန်းတပင် ဧပြီ ၂၄

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် (Book Club) အဖွဲ့တို့ ပူးပေါင်း၍ (Community Centre) ခန်းမတွင် စာရေးဆရာ "မောင်ခင်မင် (ဓနုဖြူ) "ရေးသားသည့်"​ အမွေခံတစ်ယောက် အမွေပေးသူတစ်ရာ" စာအုပ်ဖြင့် ယနေ့ နံနက် ၁၀ နာရီ အချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ စာဖတ်ဝိုင်းကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်တင်အိအိဝင်းက စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများရရှိစေရန်၊ စာပေဖတ်ရှုခြင်း၏ အကျိုးကျေးဇူးများနှင့် စာဖတ်ဝိုင်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ပြောကြားပြီး စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့၀င် ဒေါ်ဥမ္မာတင်က စာအုပ်ပါ ခေါင်းစဥ်များမှ "လူငယ်တွေအတွက် လူကြီးတွေ ပြင်ဆင်သင့်တဲ့အရာများ"၊ "ဆရာမ တိုက်ကျွေးသော အားဆေးစကား "၊ "ပညာတတ်ဖို့စာဖတ်ရမည်" စသည့်အကြောင်းအရာများကို ဦးဆောင်ဆွေးနွေးပြီး တက်ရောက်လာကြသော စာပေဝါသနာရှင်များမှ အချင်းချင်းအမြင်ခြင်းဖလှယ်ကာ အပြန်အလှန်ဆွေးနွေးချက်များအပေါ် ဒေါ်ဥမ္မာတင်က ခြုံငုံသုံးသပ်ဆွေးနွေးပေးခဲ့ကြောင်း သိရသည်။

 မြို့နယ် (ပြန်/ဆက်)