လင်းခေး ဧပြီ ၂၄
ရှမ်းပြည်နယ် အစိုးရအဖွဲ့က လင်းခေးမြို့နယ် ဓမ္မစကူးလ်သင်တန်းဆရာ၊ ဆရာမများနှင့် သင်တန်းသားများအတွက် ထောက်ပံ့လာသော ငွေများအား မြို့နယ်တာဝန်ရှိသူတို့က အဆိုပါ သင်တန်းဖွင့်လှစ်လျက်ရှိသည့် နေရာအသီးသီးသို့ ကွင်းဆင်းပေးအပ်ခဲ့ကြသည်။
ယင်းထောက်ပံ့ငွေများအား လင်းခေးမြို့၌ ဖွင့်လှစ်သော ဓမ္မစကူးလ်နွေရာသီ သင်တန်းဆရာ၊ ဆရာမများနှင့် သင်တန်းသားများအတွက် ကျပ် (၅၀) သိန်း၊ နားကုန်းပရိယတ္တိစာသင်တိုက်အတွက် ထောက်ပံ့ငွေ ကျပ် (၂၀၀) သိန်းတို့အား လင်းခေးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူးဦး မြို့ဆောင်နှင့်အဖွဲ့ဝင်များက ၄င်းကျောင်းတိုက်များ၏ ပဓာန နာယကဆရာတော်ကြီးများထံ လက်ဝယ်အရောက် ကွင်းဆင်းပေးအပ်ဆက်ကပ်ခဲ့ကြကြောင်း သိရသည်။
စိုင်းဇော်လတ်(လင်းခေး)