ရန်ကုန် ဧပြီ ၂၃
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ အမှတ်(၆၁)ရပ်ကွက်၊ ရတနာလမ်း၊ ရတနာနှင်းဆီအိမ်ရာ၊ တိုက်(1A)၊ ၁၃လွှာ၊ အခန်း(၀၄)တွင် ဧပြီ ၂၂ ရက်နေ့ (၁၁:၃၉)နာရီအချိန်ခန့်က မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါမီးလောင်ရာသို့ အရှေ့ပိုင်းခရိုင်မီးသတ်စခန်းမှ မီးသတ်ယာဉ်(၄)စီး၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်(၄)စီး၊ သာကေတမြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်(၂)စီးတို့ဖြင့် မြို့နယ်မီးသတ်ဦးစီးမှူးဦးဆောင်၍ မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးအဖွဲ့များ၊ မြို့နယ်ရဲတပ်ဖွဲ့မှူးနှင့်အဖွဲ့များ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များ စုစုပေါင်းအင်အား(၁၀၀)ခန့်ဖြင့် မီးငြှိမ်းသတ်ခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ မီးပူ အပူလွန်ကဲရာမှ စတင်လောင်ကျွမ်းခဲ့ကြောင်းနှင့် မီးလောင်ကျွမ်းမှုကြောင့် (၁၀ x ၁၀) ပေအိပ်ခန်း(၁)ခန်း ပျက်စီးဆုံးရှုံးမှုရှိကြောင်း သိရသည်။
ဖြိုးစန္ဒာ(ပြန်/ဆက်)