ရေဖြူ ဧပြီ ၂၃
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်တွင် အငြိမ်းစားနိုင်ငံဝန်ထမ်းများအား ပင်စာလစာများ စတင်ထုတ်ပေးလျက်ရှိရာ မြန်မာ့စီးပွားရေးဘဏ်တွင် ယနေ့နံနက်(၉)နာရီက ရေဖြူမြို့နယ် ကျန်းမာရေးဝန်ထမ်းများက ကျန်းမာရေးစောင့်ရှောက်မှုများကွင်းဆင်း ဆောင်ရွက်ပေးလျက်ရှိသည်။
ရေဖြူမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများတွင်အငြိမ်းစားနိုင်ငံဝန်ထမ်းများ (၄၈၅)ဦးရှိရာ ပင်စင်လစာများကို မြန်မာ့စီးပွားရေးဘဏ်တွင် ဇန်နဝါရီလ ၂၁ ရက်နေ့က စတင်ထုတ်ပေးလျက်ရှိပြီး မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနဝန်ထမ်းများနှင့် သူနာပြုဆရာမများက ကျန်းမာရေးစောင့်ရှောက်မှုအဖြစ် သွေးတိုးရောဂါ၊ ဆီးချို၊ သွေးချိုရောဂါ၊ကျောက်ကပ်ရောဂါ၊ နှလုံးရောဂါများ စစ်ဆေးကုသမှုပေးပြီး ကျန်းမာရေးစောင့်ရှောက်မှုအားလုံးအတွက် ဆေးဝါးနှင့်သွေးဖောက်စစ်ဆေးမှုများဆောင်ရွက်ပေးခဲ့ပြီးနောက် မြန်မာ့စီးပွားရေးဘဏ်မန်နေဂျာနှင့် ဝန်ထမ်းများကလည်း ပူးပေါင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ရေဖြူမြို့နယ်တွင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနအနေဖြင့် အပတ်စဥ် ဗုဒ္ဓဟူးနေ့တိုင်း မြို့နယ်ပြည်သူ့ဆေးရုံတွင် သွေးတိုး၊ ဆီးချိုသွေးချိုရောဂါ၊ ကျောက်ကပ်ရောဂါ၊ နှလုံးရောဂါများကို ပြည်သူများအား အခမဲ့စစ်ဆေးကုသမှုပေးလျက်ရှိကြောင်း သိရသည်။
ခတ္တာ