အ.မ.က(မြို့မ)ကျောင်း၌ စာဖတ်ရှိန်မြင့်မားရေး အသိပညာပေး ဟောပြောပွဲကျင်းပ
Sep 19,2025
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော စာဖတ်ရှိန်မြင့်မားရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက်၁၁နာရီက ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ် မြို့မရပ်ကွက်အခြေခံပညာမူလတန်း ကျောင်းအ.မ.က (မြို့မ)ကျောင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။