သတင်းများ

ချမ်းအေးသာစံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Center) အစည်းအဝေးခန်းမတွင် ကလေးအလုပ်သမားပပျောက်ရေးအသိပညာပေး ဟောပြောပွဲကျင်းပ
Aug 25,2025
မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲကို ယနေ့မွန်းလွဲ​ပိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရှိ (Community Center) အစည်းအဝေးခန်းမ၌ ကျင်းပဆောင်ရွက်ခဲ့သည်။
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး သီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိရေး တောင်သူများနှင့်တွေ့ဆုံ
Aug 25,2025
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး ဩဂုတ်လ ၂၃ ရက်နေ့ ညနေပိုင်းက ဇေယျာသီရိမြို့နယ်၊ ကျွန်းရောင်းကျေးရွာအုပ်စု၊ လေသာကျေးရွာသို့သွားရောက်ပြီး ဘုန်းတော်ကြီးကျောင်း၌ တောင်သူများနှင့် တွေ့ဆုံပွဲတက်ရောက်သည်။
ချမ်းအေးသာစံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Center) အစည်းအဝေးခန်းမတွင် စွမ်းရည်မြှင့်ပြိုင်ပွဲများ ကျင်းပ
Aug 25,2025
ကျောင်းသားလူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်နှင့် အတွေးအခေါ်များ မြင့်မားစေရေးတို့အတွက် ရည်ရွယ်ကာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အမှတ် (၅) ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတို့ ပူးပေါင်းကျင်းပကာ စွမ်းရည်မြှင့်ပြိုင်ပွဲများကို ယနေ့မွန်းလွဲပိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ (Community Center) အစည်းအဝေးခန်းမ၌ ကျင်းပဆောင်ရွက်ခဲ့သည်။
ငပုတောမြို့နယ်ဖျန်ရေကျော်ကျေးရွာအုပ်စု၌ ပန်းတိုင်အထွက်နှုန်း ကျော်လွန်ရရှိရေး ရည်မှန်းချက် မိုးစပါးပေါင်းလိုက်တမန်းနှိုးခြင်းနှင့် ဓာတ်မြေဩဇာ စုပေါင်းကြဲပက်ပွဲ အခမ်းအနားကျင်းပ
Aug 25,2025
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်တွင် ပန်းတိုင်အထွက်နှုန်းကျော်လွန်ရရှိရေးရည်မှန်းချက် မိုးစပါးပေါင်းလိုက် တမန်းနှိုးခြင်းနှင့် ဓာတ်မြေဩဇာ စုပေါင်းကြဲပက်ပွဲအခမ်းအနားကို ယ‌နေ့နံနက် (၉)နာရီအချိန်က ဖျန်ရေကျော်ကျေးရွာအုပ်စုကွင်းအမှတ် ၁၃၇၂(က)၊ဦးပိုင်အမှတ် (၁၈/၁) တောင်သူဦးသိန်းထွေး၏ လယ်မြေ(၂)ဧကရှိ နယူးဧရာ၁၁) မိုးစပါးစိုက်ခင်းတွင်ပြုလုပ်ရာ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ဆန်းဦးနှင့် အဖွဲ့ဝင်များ၊ ဒေသခံတောင်သူများ တက်ရောက်ကြည့်ရှုအား‌ပေးသည်။
ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် အခမ်းအနားသို့ တက်ရောက်အားပေး
Aug 25,2025
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူး၍ ရန်ကုန်တိုင်းဒေသကြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် အခမ်းအနားကို ယနေ့နံနက်ပိုင်းက ကျောက်တံတားခရိုင်၊ လသာမြို့နယ်၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီး ဝန်ကြီးများနှင့် တာဝန်ရှိသူများက တက်ရောက်အားပေးကြသည်။
ဖျာပုံမြို့၌မြို့နယ်အဆင့်(၂၆)ကြိမ်မြောက် ဆို၊ က၊ ရေး၊ တီး ပြိုင်ပွဲကျင်းပ
Aug 25,2025
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် (၂၆)ကြိမ်မြောက် ဆို၊ က၊ ရေး၊ တီး မြို့နယ်အဆင့်ပြိုင်ပွဲကို ယမန်နေ့နံနက်ပိုင်းအချိန်က ဖျာပုံမြို့အ.ထ.က(၁)ကျောင်း၊ အောင်မြေခန်းမ၌ ကျင်းပဆောင်ရွက်သည်။
အင်းစိန်မြို့နယ်၌ အခြေခံပညာကျောင်းများနှင့် ကိုယ်ပိုင်ကျောင်းများမှ KG ကလေးငယ်များအား ပြင်းထန်၀မ်းပျက်၊ ၀မ်း‌လျှောရောဂါ ကာကွယ်ဆေး (Oravacs) တိုက်ကျွေး
Aug 25,2025
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများ ပြင်းထန်၀မ်းပျက်၊ ၀မ်းလျှောရောဂါဖြစ်ပွားခြင်းမှ ကာကွယ်နိုင်ရန်အတွက် ၀မ်းပျက်၊ ၀မ်းလျှောရောဂါကာကွယ်ဆေး (Oravacs) (ပထမအကြိမ်) တိုက်ကျွေးခြင်းကို ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၁၀ နာရီအချိန်က အခြေခံပညာကျောင်းများနှင့် ကိုယ်ပိုင်ကျောင်းများမှ KG ကလေးငယ်များအား တိုက်ကျွေးခဲ့ကြောင်း သိရသည်။
ဇလွန်မြို့နယ်တွင် မိုးစပါးနိုင်ငံ့စီးပွားမြှင့်တင်ရေးအစီအစဥ်တွင် အကျုံးမဝင်သည့် တောင်သူများ ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် သွင်းအားစုဓာတ်မြေသြဇာများ တိုက်ရိုက်သက်သာစွာ ဖြန့်ဖြူးပေးအပ်ပွဲ အခမ်းအနားကျင်းပ
Aug 25,2025
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်တွင် (၂၀၂၅-၂၀၂၆)ခုနှစ် မိုးစပါးနိုင်ငံ့စီးပွားမြှင့်တင်ရေးအစီအစဥ်တွင် အကျုံးမဝင်သည့် တောင်သူများ ပန်းတိုင်အထွက်နှုန်း ရရှိရေးအတွက် သွင်းအားစုဓာတ်မြေသြဇာများ တိုက်ရိုက်သက်သာစွာ ဖြန့်ဖြူးပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့မွန်းလွဲ ၃ နာရီတွင် မေရီလန်းကျေးရွာအုပ်စု နည်းပညာပြန့်ပွားရေးစင်တာတွင် ပြုလုပ်ခဲ့သည်။