နိုင်ငံတော်အစိုးရ၏ ရက်(၁၀၀)စီမံချက်ဖြင့် ကံမမြို့နယ် သက္ကယ်မြောင်ကျေးရွာအုပ်စုမှ တောင်သူများအား မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးပေး

ကံမ မေ ၁၈

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်တွင် တောင်သူများ စိုက်ပျိုးထုတ်လုပ်မှုအဆင်ပြေချောမွေ့စေရန်အတွက် နိုင်ငံတော်အစိုးရ၏ ရက်(၁၀၀)စီမံချက်ဖြင့် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ၂၀၂၆ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများကို မြို့နယ်အတွင်းရှိ ဘဏ်အဖွဲ့ဝင် တောင်သူများအား ထုတ်ချေးပေးလျက်ရှိရာ ယနေ့ နံနက် (၁၀)နာရီက သက္ကယ်မြောင် ကျေးရွာအုပ်စုမှ တောင်သူ(၁၄၇)ဦးတို့၏ မိုးစပါးစိုက်ဧက(၄၉၃)ဧကအတွက် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေ ကျပ်(၁၄၇၉)သိန်းအား ထုတ်ပေးခဲ့ကြောင်း သိရသည်။ 

ထိုသို့ထုတ်ပေးရာတွင် ကံမမြို့နယ်၌ ငွေကျပ်သိန်းပေါင်းငါးသောင်းငါးရာသိန်းအား ထုတ်ချေးပေးရန်လျာထားပြီး မိုးစပါးစိုက်ပျိုးမြေတစ်ဧကလျှင် ငွေကျပ်သုံးသိန်းကျပ်နှုန်း မြေပဲ၊ နှမ်းအစရှိသည့် အခြားသီးနှံစိုက်ဧကတစ်ဧကလျှင် ငွေကျပ်နှစ်သိန်းငါးသောင်းနှုန်းဖြင့် ကျေးရွာအုပ်စုများမှ ဘဏ်အဖွဲ့ဝင် တောင်သူများကို ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ သိရသည်။

ကျော်ဇေယျဝင်း(ကံမ)