သဲကုန်း မေ ၁၈
နိုင်ငံတော်သာယာဖို့ သဘာဝပတ်ဝန်းကျင်ထိန်းကြစို့ဆောင်ပုဒ်နှင့်အညီ ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်တွင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ မြို့နယ်သစ်တောဦးစီးဌာနရုံး မြို့မပျိုးဥယျာဥ်၌ ၂၀၂ ၆ခုနှစ် မိုးရာသီတွင် ဖြန့်ဝေစိုက်ပျိုးရန်၊ ဒေသတွင်းစိမ်းလန်းစိုပြည်ရေးနှင့် ရာသီဥတုအပူဒဏ်ကာကွယ်နိုင်ရန်အတွက် ပျိုးပင်ပေါင်း (၂၅၀၀၀) ဖြန့်ဝေစိုက်ပျိုးရန် ပျိုးထောင်ထားရှိကြောင်း သိရသည်။
သဲကုန်းမြို့နယ် သစ်တောဦးစီးဌာနရုံးရှိ မြို့မပျိုးဥယျာဉ်တွင်ရာသီ ဥတုအပူဒဏ်ကာကွယ်နိုင်ရန်၊ ဒေသတွင်းစိမ်းလန်းစိုပြည်ရေးနှင့် သဘာဝပတ်ဝန်းကျင် တိုးတက်ကောင်းမွန်လာစေရေးအတွက် လာမည့်မိုးဦးရာသီတွင် သစ်ပင်များစိုက်ပျိုးရန်၊ လူထုဖြန့်ဝေရန် ကျွန်း (၁၅၀၀၀)၊ ကုလားကုက္ကို (၅၀၀)၊ ခရေ (၁၀၀၀)၊ ရေတမာ (၅၀၀)၊ မန်ဂျန်ရှား (၅၀၀၀)၊ ယူစုစုပေါင်းပျိုးပင် (၂၂၀၀၀) ပျိုးထောင်ထားပြီး၊ သီးပင်စားပင်များဖြစ်သော ပေါက်ပန်းဖြူ၊ ပိန္နဲ၊ ကြောင်လျှာ၊ မယ်ဇလီ၊ ဒန့်သလွန် စုစုပေါင်း (၃၀၀၀) ပျိုးထောင်ပြီးဖြစ်ရာ၊ မိုးရာသီတွင် မြို့နယ်အတွင်းရှိ သစ်တောကြိုးဝိုင်းများ၊ အခြေခံပညာကျောင်းများနှင့် သစ်ပင်စိုက်ပျိုးပွဲတော်တွင် စိုက်ပျိုးရန် စီစဥ်ဆောင်ရွက်ထားရှိ၍ ဒေသတွင်းစိမ်းလန်းစိုပြည်ရေးနှင့် ရာသီဥတုအပူဒဏ်ကာကွယ်နိုင်ရန်အတွက် ပြည်သူလူထုထံသို့ ပျိုးပင်များဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း မြို့နယ်သစ်တောဦးစီးဌာန တာဝန်ရှိသူထံမှ သိရှိရသည်။
ကိုကျော်