နတ်မောက် မေ ၁၈
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ တိရစ္ဆာန်ကူးစက်ရောဂါကာကွယ်ထိန်းချုပ်ရေး ပညာပေးသင်တန်းဖွင့်လှစ်ခြင်းကို ယမန်နေ့နံနက်ပိုင်းက နတ်မောက်မြို့ နယ်လူထုအခြေပြုဗဟိုဌာန(Community Centre) ဘက်စုံသုံးခန်းမတွင် ပြုလုပ်ခဲ့သည်။
အဆိုပါ သင်တန်းတွင် မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါက်တာခင်ခင်ပြည့်နှင့် ဝန်ထမ်းများက သင်တန်းဖွင့်လှစ်ရခြင့်ရည်ရွယ်ချက် မွေးမြူရေးလုပ်ငန်းများပိုပိုဖွံ့ဖြိုးတိုးတက်စေရန်နှင့် တိရစ္ဆာန်များတွင်ဖြစ်ပွားတတ်သော ကူးစက်ရောဂါများအကြောင်း သိရှိလိုက်နာကာကွယ်ထိန်းချုပ်နိုင်စေရန်စသည့် အကြောင်းအရာများကို ရှင်းလင်းပြောကြားပြီး သင်တန်းကိုသင်ကြားခဲ့ရာ သင်တန်းသား/သင်တန်းသူ( ၅၆)ဦးအား သင်ကြားပို့ချခဲ့ကြောင်း သိရသည်။
လှဝင်း