သဲကုန်းမြို့နယ်တွင် ၂၀၂၆-၂၀၂၇ ပညာသင်နှစ်ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းအပ်နှံနိုင်ရေး လိုက်လံအသိပေးနှိုးဆော်

သဲကုန်း မေ ၁၈

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်၌ ၂၀၂၆-၂၀၂၇ ပညာသင်နှစ်တွင် ကျောင်းနေအရွယ်ကလေးအားလုံးကျောင်းအပ်နှံနိုင်ရေး လိုက်လံအသိပေးနှိုးဆော်ခြင်းကို ယနေ့ နံနက် (၈) နာရီအချိန်က မြို့နယ်အတွင်းရှိ မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာသို့ လှည့်လည်ကာ အသံချဲ့စက်ဖြင့် အသိပေးနှိုးဆော်ခဲ့ကြသည်။

ထိုသို့ဆောင်ရွက်ရာတွင် ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများက ၂၀၂၆-၂၀၂၇ ပညာသင်နှစ်တွင် ပညာရေးဝန်ကြီးဌာန ကထုတ်ပြန်ထားသည့် အခြေခံပညာ ဦးစီးဌာနရှိ အခြေခံပညာကျောင်းများအားလုံးတွင် ကျောင်းနေအရွယ်ကလေးအားလုံးကို ၂၀၂၆ ခုနှစ်၊ မေလ (၂၅) ရက်နေ့မှ မေလ (၃၁) ရက်နေ့အထိ ကျောင်းအပ်လက်ခံမည်ဖြစ်ကြောင်း၊ ကျောင်းအပ်နှံရာတွင် အခမဲ့ကျောင်းအပ်နှံနိုင်ကြောင်း၊ နိုင်ငံတော်အစိုးရမှ သင်ကြားရမည့် အတန်းအလိုက် သင်ကြားရေးထောက်ပံ့ပစ္စည်းများ ပေးအပ်သွားမည်ဖြစ်ပြီး မြို့နယ်အတွင်းရှိ ကျောင်းနေအရွယ်ကလေးများ ကျောင်းအပ်နှံရေးမိဘများများနှင့် တာဝန်ရှိသူများက အလေးထားဆောင်ရွက်သွားရန် တိုက်တွန်းနှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရသည်။

ကိုကျော်