ရေနံချောင်းမြို့နယ်၌ ၂၀၂၆-၂၀၂၇ပညာသင်နှစ် ကျောင်းအပ်နှံရေးအသိပညာပေးဗီနိုင်းပိုစတာ စိုက်ထူ

ရေနံချောင်း မေ ၂၁

မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ်၌ ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းအပ်နှံနိုင်ရေးအတွက် ၂၀၂၆-၂၀၂၇ ပညာသင်နှစ် “နိုင်ငံတော်စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ဖို့ ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းအပ်နှံကြပါစို့” အသိပညာပေးဗီနိုင်းပိုစတာစိုက်ထူပွဲ အခမ်းအနားကို ယနေ့နံနက် နာရီခွဲက မြို့နယ်ပညာရေးမှူးရုံးရှေ့၌ ကျင်းပသည်။

ရှေးဦးစွာ တက်ရောက်လာသူများက “နိုင်ငံတော်စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ဖို့ ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းအပ်နှံကြပါစို့” အသိပညာပေးဗီနိုင်းပိုစတာကို စုပေါင်းစိုက်ထူခဲ့ကြပြီး တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးအောင်နိုင်ဝင်း၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ဇင်ဦးနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ်ပညာရေးမှူး ဒေါ်စန္ဒာအေးနှင့်တာဝန်ရှိသူများက အသိပညာပေးဗီနိုင်းပိုစတားအား အမွှေးနံ့သာရည်များဖြင့် ပက်ဖျန်းဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

ရေနံချောင်းမြို့နယ်၌ ၂၀၂၆-၂၀၂၇ ပညာသင်နှစ် ကျောင်းအပ်လက်ခံခြင်းလုပ်ငန်းများကို မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများအားလုံးတွင် မေ ၂၅ ရက်နေ့မှ စတင်လက်ခံဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

ကိုစိုးကြီး